ရန်ကုန်၊ ဒီဇင်ဘာ ၄ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီး မြို့နယ်၊ (၁၆)မိုင် ကျောက်ချောစစ်ဆေးရေးစခန်းတွင် ဒီဇင်ဘာ ၄ရက် နံနက် ၁နာရီ၌ ယာဉ်တစ်စီးအား ရှာဖွေစစ်ဆေးစဉ် ကျပ် သိန်း ၁၄၀၀ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးဗဟို ကော်မတီက ထုတ်ပြန်သော သတင်းအရ...
ရန်ကုန်၊ ဒီဇင်ဘာ ၄ ရက် (ဆင်ဟွာ) မြန်မာ-အစ္စရေး နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင် ရွက်မှုတိုးမြှင့်ရေးများကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် နှင့်မြန်မာနိုင်ငံဆိုင်ရာ အစ္စရေးသံအမတ်ကြီးတို့ ဆွေးနွေးခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၄ ရက် (ဆင်ဟွာ) ရှမ်းနှင့် ချင်းပြည်နယ်တို့ရှိ မြို့များတွင် အမေရိကန် ဒေါ်လာ ၃သန်းကျော်အကုန်ကျခံပြီး လူမှုအဖွဲ့အစည်း ဖန်တီးဖော်ဆောင်ခြင်း စီမံကိန်းအတွက် နားလည်မှုစာချွန်လွှာရေးထိုးခဲ့ကြောင်း နယ်စပ်ရေးရာဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၄ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်၊ လားရှိုးမြို့၊ ရပ်ကွက်(၁၂)၊ အိမ်အမှတ် (ဌ/၁၂/၁၇၀)နေ ဒေါ်ကျန်ရှောက်ကွယ်(၅၁)နှစ်၏ ခြံဝင်းအတွင်း ဒီဇင်ဘာလ ၃ ရက်နေ့ ၀၂း၃၀နာရီ အချိန် တွင် နေအိမ်အဆောက်အဦရှေ့ ၁၂ ပေခန့်အကွာ ခြံစည်းရိုးအုတ်တံတိုင်းအနီး ရေမြောင်းငယ်၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ...
နေပြည်တော်၊ ဒီဇင်ဘာ ၄ ရက်(ဆင်ဟွာ) လူငယ်များ၊ ကျောင်းသူ ကျောင်းသားများအား ပြဿနာများကို မကြောက်တတ်စေဖို့ လေ့ကျင့်ပေးစေ လိုသည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယနေ့နံနက် ပြောကြားခဲ့သည်။
ရန်ကုန် ၊ ဒီဇင်ဘာ ၄ ရက်(ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး အတွင်း ကျင်းပ ပြုလုပ်သည့် အခမ်းအနားများ ၊ ပြပွဲ ၊ ပြိုင်ပွဲများ ၊ နိုင်ငံတကာ ခရီးသွားပြပွဲ ၊ ပြိုင်ပွဲ များတွင် အသုံးပြုရန် ရန်ကုန်တိုင်းဒေသကြီးကို ကိုယ်စားပြုမည့် လာဘ်ကောင် အရုပ်အဖြစ် ပစ်တိုင်းထောင်...
ရန်ကုန်၊ ဒီဇင်ဘာ ၄ ရက် (ဆင်ဟွာ) ၂၀၁၇-၂၀၁၈ -၂၀၁၉ဘဏ္ဍာနှစ် အတွင်း မသန်စွမ်းသူ ၂၄,၉၈၄ ဦးအတွက် ငွေကြေးထောက်ပံ့ပေးခဲ့ကြောင်း မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောကြားသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၃ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်တွင် ရခိုင်တိုင်းရင်းသားများအတွက် လူမှုကာကွယ်စောင့်ရှောက်ရေး ထောက်ပံ့ငွေအဖြစ် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ကျပ် ၄၅၅ သိန်း ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၃ ရက် (ဆင်ဟွာ) မြန်မာနှင့် နီပေါနိုင်ငံ နှစ်နိုင်ငံကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ နီပေါဖက်ဒရယ် ဒီမိုကရက်တစ်သမ္မတနိုင်ငံ တရားဝင် ချစ်ကြည်ရေး ခရီးစဉ်ဆိုင်ရာနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
နေပြည်တော်၊ ဒီဇင်ဘာ ၃ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်မှုပန်းတိုင်သို့ ရောက်ရှိရန် နယ်မြေဒေသအလိုက် လူမှုဘ၀ ဖူလုံမှုအခြေအနေဆိုင်ရာ အခြေခံ အချက်အလက်များကို ပံ့ပိုးပေးနိုင်ရန် အလွန်အရေးကြီး သည်ဟု အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီး ဌာန ပြည်ထောင်စု...