ရန်ကုန်၊ ဒီဇင်ဘာ ၁၇ ရက် (ဆင်ဟွာ) လစ်လပ်နေသည့် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်နေရာတွင် အစားထိုး ခန့်အပ်ခံရသည့် ဦးလှအေးသည် ယနေ့နံနက်(၁၀)နာရီတွင် ပြုလုပ်သော ဒုတိယအကြိမ်၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး (၁/၂၀၁၈) တတိယနေ့၌ ကတိသစ္စာပြုကာ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၁၇ ရက် (ဆင်ဟွာ) ၂၀၁၉ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၆ ရက်တွင် စတင်ကျင်းပမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန မှ သတင်းထုတ်ပြန်သည်။
ရန်ကုန် ၊ ဒီဇင်ဘာ ၁၇ ရက်(ဆင်ဟွာ) ကချင်ပြည်နယ် ၊ ဖားကန့်မြို့နယ် လက်ဝါးကျေးရွာအတွင်း မြစ်ကြီးနား-တနိုင်းသွား လီဒိုလမ်းမပေါ်၌ ၁၂ ဘီး ကုန်တင်ယာဉ် တစ်စီး နှင့် ဆိုင်ကယ် တစ်စီး တို့သည် ဒီဇင်ဘာ ၁၆ ရက်တွင် တိုက်မိမှု ဖြစ်ပွားခဲ့ရာ ဆိုင်ကယ် စီးနင်းသူ...
ရန်ကုန် ၊ ဒီဇင်ဘာ ၁၆ ရက်(ဆင်ဟွာ) ပြည်ပသို့တရားဝင် အလုပ်သမားများ စေလွှတ်လျက် ရှိရာ နိုဝင်ဘာလ အတွင်း အလုပ်သမား ၂၄,၀၀၀ ကျော် စေလွှတ် နိုင်ခဲ့ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနထံမှ သိရသည်။
ရန်ကုန် ၊ ဒီဇင်ဘာ ၁၆ ရက်(ဆင်ဟွာ) ဘင်္ဂလားပင်လယ်အော် အနောက် တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း “ဖီထိုင်း” (PHETHAI)၏ အရှိန်ကြောင့် ယနေ့နံနက်မှ နောက်(၄၈)နာရီ အတွင်း မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်သော ဆိုင်ကလုန်း မုန်တိုင်း အခြေအနေ...
ရန်ကုန် ၊ ဒီဇင်ဘာ ၁၆ ရက်(ဆင်ဟွာ) နိုင်ငံတစ်ဝန်းလုံးရှိ စာတတ်မြောက် သူတိုင်း စာပေ ဖတ်ရှုသည့် အလေ့အထကောင်းများ ပိုမိုတိုးတက် လာစေရေး အတွက် အားပေးလှုံ့ဆော်ရန် ရည်ရွယ်ချက်ဖြင့် စာတတ်သူတိုင်း စာဖတ်ရေး လှုပ်ရှားမှု အခမ်းအနားအား နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟို ဌာန-၂ ၌ ဒီဇင်ဘာ...
ရန်ကုန်၊ ဒီဇင်ဘာ ၁၅ ရက် (ဆင်ဟွာ) ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ဒီဇင်ဘာ ၁၄ ရက်၌ တရားမဝင် သယ်ဆောင်လာသည့် ကျောက်စိမ်းရိုင်းတုံး ၁၂တန်ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၁၅ ရက် (ဆင်ဟွာ) ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသည် ရန်ကုန်မြို့၏ မြို့ ပြဖွံ့ ဖြိုးမှု စနစ်တကျ ဖြစ်ထွန်းစေရေးအတွက် သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့် ညီညွတ်စေ မည့် ထိန်းညှိစနစ်တစ်ခု ပေါ်ထွက်လာစေရန် ရန်ကုန်မြို့တော်စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ မြို့နယ်များအား ဧရိယာခွဲခြားသတ်မှတ်ချက်ကို ထုတ်ပြန်လိုက်ကြောင်း သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၁၅ ရက် (ဆင်ဟွာ) ကချင်ပြည်နယ်၊ ဟိုပင်မြို့နယ်အတွင်း ဒီဇင်ဘာ ၁၄ ရက် နံနက်ပိုင်းက သန်း၂၄၀၀ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား၊ ဘိန်းဖြူနှင့် ဘိန်းဆီခဲများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၁၄ ရက် (ဆင်ဟွာ) ဧရာဝတီတိုင်းဒေသကြီး မြောင်းမြ ကြိုးတံတား ကျိုးကျပျက်စီးခဲ့မှုကြောင့် ဒေသခံခရီးသွားပြည်သူများ၊ကုန်ကူးသန်းရောင်းဝယ်သွားလာမှု၊ လုပ်ငန်းအစဉ်ပြေချောမွေ့ စွာ သွားလာနိုင်ရေးနှင့်ကုန်စည်စီးဆင်းမှု ကောင်းမွန်စေရေးအတွက် ပြည်တွင်းရေကြောင်းပို့ဆောင်ရေး နှင့်တပ်မတော်ရေ မှ ဇက်ကူးတို့ရေယာဉ်များကို အဆိုပါမြောင်းမြ တံတားသစ်စီမံကိန်းပြီးစီးရန် လျာထားသတ်မှတ်ထားသည့် ၂၀၁၉ ခုနှစ် မတ်လ ကုန်ထိတိုင် ပြေးဆွဲပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း...