Connect with us

Politics, Law & Military

ပြည်ထောင်စုလွှတ်တော် ၁၁ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဇန်နဝါရီ ၂၁ရက်၌ စတင်ကျင်းပမည်

ပြည်ထောင်စုလွှတ်တော်က ယနေ့ ထုတ်ပြန်ကြေညာချက်အားတွေ့ရစဉ်(ပြည်ထောင်စုလွှတ်တော်)

ရန်ကုန်၊ ဒီဇင်ဘာ ၃၀ ရက် (ဆင်ဟွာ)

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၁) ကြိမ်မြောက်ပုံမှန်အစည်းအဝေးကို ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်၌ စတင်ကျင်းပမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်က ယနေ့ ထုတ်ပြန်ကြေညာချက်အရသိရသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၇၉၊ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၁၃ နှင့် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၃၊ နည်းဥပဒေခွဲ (ခ) တို့အရ ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၁) ကြိမ်မြောက်ပုံမှန်အစည်းအဝေးကို နေပြည်တော်၌ ၁၃၈၀ ပြည့်နှစ်၊ ပြာသိုလပြည့်ကျော် ၁ ရက် ( ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက် ) တနင်္လာနေ့၊ နေ့လည် ၁နာရီခွဲ အချိန်တွင် စတင်ကျင်းပရန်ခေါ်ယူကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒသမပုံမှန်အစည်းအဝေးကို ၁၁ရက်ကြာ ကျင်းပခဲ့ပြီး ဒီဇင်ဘာ ၂၁ရက်၌ ပြီးဆုံးခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.