Connect with us

Politics, Law & Military

အမြန်လမ်း၌ သတ်မှတ် မိုင်နှုန်းထက် ပိုမို မောင်းနှင်သောယာဉ် အစီးရေ ၃၉,၀၀၆ စီးအား ဒီဇင်ဘာလ အတွင်း ဖမ်းဆီး အရေးယူထား

ရန်ကုန်-မန္တလေးအမြန်လမ်းအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ ဒီဇင်ဘာ ၂၉ ရက်(ဆင်ဟွာ)

ရန်ကုန်-မန္တလေး အမြန်လမ်း၌ စက်တင်ဘာလ ၁ ရက် မှ ဒီဇင်ဘာလ ၂၇ ရက်ထိ သတ်မှတ် မိုင်နှုန်းထက် ပိုမို မောင်းနှင် သော ယာဉ်အစီးရေ ၃၉,၀၀၆ စီးအား ဖမ်းဆီး အရေးယူထားကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ထုတ်ပြန်မှု အရ သိရသည်။

ဒီဇင်ဘာလ ၂၆ ရက်ည ၆ နာရီ မှ ဒီဇင်ဘာလ၂၇ ရက် ညနေ ၅ နာရီ အချိန်အတွင်း၌ပင် ရန်ကုန်-မန္တလေး အမြန်လမ်း (၂၀၁)မိုင် နေပြည်တော်တိုးဂိတ်၌ သတ်မှတ်မိုင်နှုန်းထက်ပိုမို မောင်းနှင်သောမော်တော်ယာဉ် (၁၅)စီး၊ ဖြူးမြို့နယ်၊ ဖြူး တိုးဂိတ်၌ မော်တော်ယာဉ်(၉)စီး၊ ဥတ္တရသီရိမြို့နယ်၊ ပန်းတင်မီနီတိုးဂိတ်၌ မော်တော်ယာဉ်(၁) စီး၊ တံတားဦးမြို့နယ်၊ စကားအင်းတိုးဂိတ်၌ မော်တော်ယာဉ်(၆)စီး၊ စုစုပေါင်း မော်တော်ယာဉ်(၄၆)စီး ဖမ်းဆီးခဲ့ပြီး ယာဉ်စည်းကမ်းတရားရုံးများသို့ တရားစွဲ တင်ပို့ သွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)