ရန်ကုန်၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ) တိုင်းဒေသကြီး နှင့် ပြည်နယ် များတွင် သီတင်းကျွတ် နှင့် တန်ဆောင်တိုင်ပွဲတော် ကာလ၌ မီးရှုးမီးပန်း၊ ဗြောက်အိုး၊ ရှုးဒိုင်းများကို ထုတ်လုပ်ခြင်း၊ သယ်ဆောင်ဖြန့်ဖြူးခြင်း၊ သိုလှောင်ခြင်း၊ ရောင်းချခြင်း၊ ပစ်ဖောက်ခြင်းများ မပြုလုပ်ကြရန်နှင့် လိုက်နာခြင်းမရှိပါက တည်ဆဲဥပဒေအရ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း...
ရန်ကုန်၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်နေသော တပ်ဖွဲ့ဝင် များမှ မသင်္ကာဖွယ်တွေ့ရှိသောဆိုင်ကယ် ၅ စီးအားရပ်တန့်စစ်ဆေးရာ အစစ်ဆေးမခံဘဲ တပ်ဖွဲ့ဝင်များအား ပြန်လည်ခုခံသဖြင့် သေနတ်ဖြင့်ပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ဗဟိုကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ် စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ ဗိုလ်ချုပ်လမ် မကြီး မိုင်တိုင် (ဝ)မိုင်(၄)ဖာလုံမှ (၁)မိုင် (၂)ဖာလုံအတွင်း (၁၈)ပေအကျယ် ကတ္တရာလမ်းအား လမ်းအနိမ့်အမြင့် ဖြေညှိ၍ ကတ္တရာ ရေပိတ်လွှာ လောင်းခြင်းလုပ်ငန်းကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ပြင်ဆင်ထိန်းသိမ်းခြင်း...
ရန်ကုန်၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်သော လွတ်လပ်သော စုံစမ်းရေးကော်မရှင်၏ ဝက်ဘ်ဆိုဒ်ကို အောက်တိုဘာလ (၁၂) ရက်နေ့တွင် စတင်ထုတ်လွှင့်မည်ဖြစ်ကြောင်း လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်ရုံး၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ရန်ကုန်၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ် မိုင်းတုံ မြို့နယ်၊ ပုံပါကျင်မြို့၊ နားကောင်းမူ ကျေးရွာ၊ ရပ်ကွက်(၄)တွင် အောက်တိုဘာ ၇ ရက်၌ သိန်း ၃၀၀ကျော်တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ဗဟိုကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ) ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်း လာကာ မုန်တိုင်းငယ်(Depression)အဖြစ်သို့ ရောက်ရှိခဲ့ပြီး မုန်တိုင်းငယ်၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည် ရွေ့လျားမည့် အခြေအနေမရှိသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး အတွင်းခရိုင်(၄)ခုရှိ မြို့နယ် (၁၇)မြို့နယ်တွင် ဘဏ္ဍာနှစ်အလိုက် ကျေးလက် ဒေသများ သောက်သုံးရေ ရရှိရေးကို နည်းလမ်း (၅)သွယ်ဖြင့် ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်အတွင်း လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ ယနေ့ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ) ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် နောက်(၂၄)နာရီအတွင်း ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်(Depression)အဖြစ်သို့ ရောက်ရှိလာနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ) မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းသည် အင်ဒိုနီးရှား လက်ရွေးစင် ဘောလုံးအသင်းနှင့် ခြေစမ်းပွဲ ကစားရန်အတွက် ယနေ့ (အောက်တိုဘာ ၈) နံနက်ပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ အင်ဒိုနီးရှား နိုင်ငံသို့ ထွက်ခွာသွားခဲ့သည်။
ရန်ကုန်၊အောက်တိုဘာ ၇ ရက် (ဆင်ဟွာ) ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းမြှင့်တင်ရေး ဆောင်ရွက်မည့် အစီအစဉ်များနှင့် စပ်လျဉ်းပြီး ညှိနှိုင်းဆွေးနွေးပွဲ တစ်ရပ်ကို အောက်တိုဘာ ၆ ရက်တွင် ရန်ကုန်မြို့ရှိ Inya Lake Hotel ၌ ကျင်းပခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ...