Connect with us

Politics, Law & Military

ရှမ်းပြည်နယ်အတွင်းရှိ ဘိန်းခင်း ဧက ၆၀ကျော် ဖျက်ဆီး

ဘိန်းခင်းများအား ဖျက်ဆီးနေမှုအားတွေ့ရစဉ်(MOI)

ရန်ကုန်၊ ဒီဇင်ဘာ ၂ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်အတွင်းရှိ မိုင်းပန်၊ ပင်လောင်း၊ ဖယ်ခုံ၊ ကျိုင်းတုံ၊ မိုင်းတုံနှင့် တွန်းဇံမြို့နယ်တို့၌ ဘိန်းခင်း ဧက ၆၀ကျော် ကို ဖျက်ဆီးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

မိုင်းပန်မြို့နယ်၊ နားမွန်းကျေးရွာအုပ်စု၌ မိုင်းပန်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့က အမြင့် ၂ ပေခွဲ ခန့်ရှိ ဘိန်းစိုက်ခင်း (၂.၅)ဧကခန့်အား ဖျက်ဆီးခဲ့ကြောင်း၊ ပင်လောင်းမြို့နယ်၊ ကောင်ထိုကျေးရွာနှင့် ပင်စုံကျေးရွာတို့၌ ဘိန်းစိုက်ခင်း(၂၂.၅)ဧကခန့်၊ ဖယ်ခုံမြို့နယ်၊ ဘီကင်းကျေးရွာနှင့် ကောင်းစံကျေးရွာတို့၌ ဘိန်း စိုက်ခင်း(၁၉.၅)ဧကခန့်၊ ကျိုင်းတုံမြို့နယ်၊ ဘုံဘီး ကျေးရွာ၌ ဘိန်းစိုက်ခင်း(၂)ဧကခန့်၊ မိုင်းတုံ မြို့နယ်၊ ပါချီးကျေးရွာ၌ ဘိန်းစိုက်ခင်း(၄)ဧကခန့်၊ တွန်းဇံမြို့နယ်၊ တပ်ဇန်ကျေးရွာပါ (၂)ရွာတို့၌ ဘိန်းစိုက်ခင်း(၉)ဧကခန့် တို့အား ရဲတပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့က ဖျက်ဆီး ရှင်းလင်းခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.