Connect with us

Politics, Law & Military

မောင်တော၌ ကျပ် သိန်း ၇၃၁၂တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

ဖမ်းဆီးရမိသော တရားခံနှင့် စိတ်ကြွရူးသွပ်ဆေးပြားများအားတွေ့ရစဉ် (ပြည်ထဲရေး)

ရန်ကုန်၊ ဒီဇင်ဘာ ၂ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ် မောင်တောမြို့တွင် ကျပ် သိန်း ၇၃၁၂တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများကို နိုဝင်ဘာ ၃၀ရက်က ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

မောင်တောမြို့နယ်၊ ကြိမ်ချောင်းကားလမ်း၊ သီဟိုဠ်ခြံအနီးရှိ ကားလမ်းဘေးတွင် ဆာလာအိတ် ၁ အိတ် အား ထမ်းလျက် လမ်းလျောက်လာသူနှစ်ဦးအား စစ်ဆေးရန်ရပ်တန့်ခိုင်းစဉ် ဆာလာအိတ်အား ပစ်ချကာ ထွက်ပြေး သွားသဖြင့် ၎င်းတို့နှစ်ဦးပစ်ချခဲ့သည့် ဆာလာအိတ်အားစစ်ဆေးရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၄၃,၇၅၀ ပြား(ဒေသ ကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၇၃၁၂.၅သိန်း)အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် မောင်တောမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်လှစ်ပြီး တရားခံဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။(Xinhua )