Connect with us

Politics, Law & Military

တရားဝင်စာရွက်စာတမ်းများ မပြသနိုင်သော ကျပ် ၉သန်းတန်ဖိုး လူသုံးကုန်ပစ္စည်းများ သိမ်းဆည်းရမိ

ဖမ်းဆီးရမိသော တရားမဝင် ကုန်ပစ္စည်းများအားတွေ့ရစဉ်(ကြေးမုံ)

ရန်ကုန်၊ ဒီဇင်ဘာ ၂ရက် (ဆင်ဟွာ)

ရေပူအမြဲတမ်းစစ်ဆေးရေးစခန်း ပူးပေါင်း စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်စဉ် Nissan UD (၂၂) ဘီးယာဉ်ပေါ်တွင် တရားဝင်စာရွက်စာတမ်းများ မပြသနိုင်သော ကျပ် ၉သန်းကျော် တန်ဖိုး လူသုံးကုန်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

တရားမဝင်ကုန်စည်များ တားဆီးထိန်းချုပ်ရေး အတွက် ရေပူနှင့် မရမ်းချောင်အမြဲတမ်းစစ်ဆေး ရေးစခန်းများက တင်သွင်း၊ တင်ပို့သော ကုန်ပစ္စည်း များကို စစ်ဆေးမှုပြုလုပ်ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ ၃ဝ ရက်တွင် ရေပူအမြဲတမ်းစစ်ဆေးရေး စခန်းက တားဆီးမှုတစ်မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၉ ဒသမ ၁ သန်း)၊ မရမ်းချောင် အမြဲတမ်းစစ်ဆေး ရေးစခန်းက တားဆီးမှု တစ်မှု (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁ ဒသမ ၃၅ သန်း) စုစုပေါင်း တားဆီးမှု နှစ်မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၁ဝ ဒသမ ၄၅ သန်း)ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.