Connect with us

Politics, Law & Military

ရခိုင်ပြည်နယ်အတွင်း နေအိမ်ဆောက်လုပ်ပေးခြင်းအား လာမည့် ဘဏ္ဍာနှစ်၌ လိုအပ်သော ကျေးရွာများအတွက် ဆက်လက်ဆောက်လုပ်ပေးမည်

စစ်တွေမြို့တွင်း၌ ပြည်ထောင်စုဝန်ကြီး လေ့လာစစ်ဆေးနေစဉ်(MOI)

ရန်ကုန်၊ ဒီဇင်ဘာ၂ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်အတွင်း နေအိမ်ဆောက်လုပ်ပေးခြင်းအား လာမည့် ဘဏ္ဍာနှစ်၌ လိုအပ်သော ကျေးရွာများကို ဆက်လက်ဆောက်လုပ်ပေးမည်ဖြစ်ကြောင်း နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်က ပြောကြားသည်။

နယ်စပ်ရေးရာ ဝန်ကြီးဌာနအနေဖြင့် နယ်စပ်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဖြစ်သော လမ်း/တံတား၊ စိုက်ပျိုးရေ/ သောက်သုံးရေ ရရှိရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဘာသာ ရေးဆိုင်ရာများ၊ ဆိုလာမီးများနှင့် တန်ဖိုးနည်းအိမ်ရာများ ဆောင်ရွက်ပေးလျက် ရှိရာ ရခိုင် ပြည်နယ်အတွင်း ဒေသခံ တိုင်းရင်းသားများအတွက် နေအိမ်ဆောက်လုပ်ပေးခြင်း လုပ်ငန်းများ အနေဖြင့် မောင်တောမြို့နယ်ရှိ ရွှေဗဟိုကျေးရွာတွင် နေအိမ်အလုံး ၅၀၊ ကျောက်ပန္ဒူ ကျေးရွာတွင် နေအိမ် အလုံး ၁၀၀၊ နန်းရာကိုင်းကျေးရွာတွင် နေအိမ်အလုံး ၅၀၊ ခုံတိုင် ကျေးရွာတွင် နေအိမ် ၁၈ လုံး၊ ဘူးသီးတောင်မြို့နယ်၌ တောင်ပဇာကျေးရွာတွင် နေအိမ် ၆၃ လုံး၊ ရသေ့တောင် မြို့နယ်၌ အဝတာကျေးရွာတွင် နေအိမ် ၄၆ လုံးတို့ကို နှစ်အလိုက် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်နှင့် ရခိုင် ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုတို့သည် စစ်တွေမြို့၌ တွေ့ဆုံ၍ နယ်မြေဒေသ ဖွံ့ဖြိုးတိုးတက်ရေး၊ လူ့စွမ်းအား အရင်းမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ လမ်းတံတား ဖောက်လုပ်မှု လုပ်ငန်းများနှင့် တန်ဖိုးနည်းအိမ်ရာ တည်ဆောက်မှု လုပ်ငန်းများနှင့် စပ်လျဉ်း၍ ညှိနှိုင်း ဆွေးနွေးခဲ့ကြသည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117