Connect with us

Environment, Disasters & Accidents

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင်မင်းလှမြို့နယ်၌ ယာဉ်တိုက်မှုကြောင့် ၅ ဦးသေ၊ ၂၀ ဦး ဒဏ်ရာရရှိ

ဘရိတ်ပေါက်၍ ယာဉ်တိုက်မှုဖြစ်ပွားခဲ့သည့် Faw မော်တော်ယာဉ် အားတွေ့ရစဉ် (ဓာတ်ပုံ--ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ ဒီဇင်ဘာ ၃ ရက် (ဆင်ဟွာ)

ပဲခူးတိုင်းဒေသကြီး ၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၌ ယာဉ်တိုက်မှုကြောင့် ၅ ဦးသေ၊ ၂၀ ဦး ဒဏ်ရာရရှိမှု ဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ၂၀၁၈ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်နေ့ ည ၇နာရီ ၄၅ မိနစ်တွင် သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ စိန်ကန့်လန့်ကျေးရွာ၊ ရွှေကြီးမြင့်ဘုန်းကြီး ကျောင်းဘုရားပွဲဈေးတန်း၌ ဘန့်ဘွေးကုန်းကျေးရွာဘက်မှ စိန်ကန့်လန့်ကျေးရွာဘက်သို့ တင်မောင်ဝင်း (၄၈)နှစ် ဒီးတူးပင်အနောက်စုကျေးရွာ အုတ်ဖိုမြို့နယ် နေသူ မောင်းနှင်လာသည့် ၉ဌ/×××× (၆)ဘီး Faw ယာဉ်သည် ဘရိတ်ပေါက်သွားခဲ့ကြောင်း သိရသည်။

အဆိုပါမော်တော်ယာဉ်သည် ဘရိတ်ပေါက်၍ လမ်းယာဘက်ရှိ လူအုပ်အတွင်း ဝင်ရောက် တိုက်မိခဲ့ရာ ခင်မာလာ(၄၀)နှစ် စိန်ကန့်လန့်ကျေးရွာ ၊မင်းလှမြို့နယ်နေသူပါ ၅ ဦး (ကျား ၂၊ မ ၃)တို့တွင် ဦးခေါင်း/နောက်စေ့ ချိုင့်ဝင် ညိုမဲ၊ နား/နှာခေါင်း သွေးထွက်ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။

သန့်ဇင်အောင်(၂၆)နှစ် ရွှေစံပြည့်ရွာ၊ မင်းလှမြို့နယ်နေသူပါ ၆ ဦး(ကျား ၂၊ မ ၄)တို့တွင် နောက်စေ့ပေါက်ပြဲ၊ ပါး/နှာခေါင်း/နဖူး ဖူးရောင်၊ ဆီးခုံညိုမဲ၊ ရင်ဘတ်အောင့်ဒဏ်ရာများ(စိုးရိမ်ရ)နှင့် ဦးလှမြိုင်(၅၇)နှစ် စိန်ကန့်လန့်ရွာနေသူပါ ၁၄ ဦး(ကျား ၉၊ မ ၅)တို့တွင် ဖူးရောင်ပွန်းပဲ့ ဒဏ်ရာများ (မစိုးရိမ်ရ)ရရှိခဲ့သဖြင့် စုစုပေါင်း ၂၅ ဦး (သေဆုံး ကျား ၂၊ မ ၃၊ စိုးရိမ်ရ ကျား ၂၊ မ ၄၊ မစိုးရိမ်ရ ကျား ၉၊ မ ၅) တို့အား မင်းလှပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး တင်မောင်ဝင်းအား မင်းလှမြို့မရဲစခန်းယာဉ်(ပ) ၅၀/ ၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈/၃၃၇ (ပေါ့လျော့မှုကြောင့် လူသေမှု/ ပြင်းထန်/ သာမန်နာကျင် စေမှု) ဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်းသတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.