ရန်ကုန်၊ သြဂုတ် ၁၅ ရက် (ဆင်ဟွာ) ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် အမာမြို့နယ်အတွင်းရှိ ပင်လယ်ကမ်းစပ်ကျေးရွာများတွင် ထူးကဲဒီရေတက်လာသောကြောင့် သုံးရက်အတွင်း လူနေတဲအိမ်(၁၁၃)လုံး ပြိုကျပျက်စီးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သောသတင်းအရ သိရသည်။
နေပြည်တော်၊ သြဂုတ် ၁၅ ရက် (ဆင်ဟွာ) စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက တင်သွင်းခဲ့ပြီး လွှတ်တော် နှစ်ရပ် သဘောထား ကွဲလွဲခဲ့သည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲမှုဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း (၂၀၁၇ ခုနှစ်)အား ယနေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးက ဆန္ဒမဲခွဲပြီး...
ရန်ကုန်၊ သြဂုတ် ၁၅ ရက် (ဆင်ဟွာ) ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် သြဂုတ် ၁၂ နှင့် ၁၃ ရက်နေ့များ တွင် မိုးများရွာသွန်းပြီး ငဝန်မြစ်ရေ တိုးလာသောကြောင့် ရယက- ၁၂ နယ်မြေ ရေကြည်ဦး ရပ်ကွက်တွင် ရေကြီးရေလျှံမှုဖြစ်ပွားပြီး ယာယီကယ်ဆယ်ရေး စခန်း ဖွင့်ထားရကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ...
ရန်ကုန်၊ သြဂုတ် ၁၄ ရက် (ဆင်ဟွာ) ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ နှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ သြဂုတ် ၁၄ ရက် (ဆင်ဟွာ) ရန်ကုန်ပြည်သူ့ဆေးရုံကြီး သြဂုတ်လ ၁၃ ရက်နေ့ ၁၈း၄၅ အချိန်တွင် မီးလောင်မှုကြောင့် ဆေးရုံ၏ လျှပ်စစ်ဌာနမှ ဝန်ထမ်းတစ်ဦးကို အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ သြဂုတ် ၁၄ ရက် (ဆင်ဟွာ) ငဝန်မြစ်ရေသည် ဧရာဝတီတိုင်းဒေသကြီး ငါးသိုင်းချောင်းမြို့တွင် နောက် (၂)ရက်အတွင်း စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှယနေ့သတင်း ထုတ်ပြန်သည်။
နေပြည်တော်၊ သြဂုတ် ၁၅ ရက် (ဆင်ဟွာ) အခြေခံပညာရေး ကဏ္ဍတွင် အမျိုးသားဆရာ ဦးရေ တိုးချဲ့ ခန့်ထားနိုင်ရေးအတွက် ရေတို ရေရှည် စီမံကိန်းများဖြင့် ဆောင်ရွက်လျက်ရှိသည်ဟု ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ယနေ့ ပြည်သူ လွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့သည်။
နေပြည်တော်၊ သြဂုတ် ၁၅ ရက် (ဆင်ဟွာ) ပဲခူးတိုင်းဒေသကြီး၊ ပဲခူး ခရိုင်၊ ပဲခူးမြို့တွင် အစိုးရ စက်မှုလက်မှု သိပ္ပံကျောင်း (AGTI) ဖွင့်လှစ်ရန် စီစဉ်လျက်ရှိကြောင်း ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ယနေ ့ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် ဖြေကြားခဲ့သည်။
ရန်ကုန်၊ သြဂုတ် ၁၄ ရက် (ဆင်ဟွာ) ပုသိမ်မြေငလျင်စခန်းမှ အနောက်တောင်ဘက် (၁၇၀) မိုင်ခန့် ကွာဝေးသော (မြန်မာ့ပင်လယ်ပြင်) တွင် အင်အားရစ်ချ်တာစကေး(၄.၈)အဆင့်ရှိ ငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ သြဂုတ် ၁၄ ရက် (ဆင်ဟွာ) ဘင်္ဂလား ပင်လယ်အော် အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဆက် လက်တည်ရှိနေကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။