Connect with us

Politics, Law & Military

ရှမ်းပြည်နယ်၊ မိုင်းခတ်မြို့နယ်၌ တူမီးသေနတ် ၃ လက် သိမ်းဆည်းရမိမှုဖြစ်ပွား

ဖမ်းဆီးရမိသူအား တူမီးသေနတ် ၃ လက်နှင့်အတူတွေ့ရစဉ် (ဓာတ်ပုံ-- ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ စက်တင်ဘာ ၂၇ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်၊ မိုင်းခတ်မြို့နယ်၌ တူမီးသေနတ် ၃ လက် သိမ်းဆည်းရမိမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်နေ့ ၀၈း၄၅ နာရီ အချိန် မိုင်းခတ်မြို့နယ် ယန့်ကျန့်ကျေးရွာနေ ဦး…..(၅၀)နှစ်၏အိမ်သို့ မိုင်းခတ်မြို့နယ်အုပ်ချုပ်ရေးမှူး၊ မိုင်းခတ်မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင် များပါဝင်သော ပူးပေါင်းအဖွဲ့က သတင်းအရ ဝင်ရောက်ရှာဖွေရာ နေအိမ်နှင့်တွဲလျက် မီးဖိုပေါ်ကြပ်ခိုး စဉ်၌ အရှည် ၅ ပေခန့်ရှိ တူမီးသေနတ် ၁ လက်နှင့် အရှည် ၄ ပေ၊ ၆ လက်မရှိ တူမီးသေနတ် ၂ လက်တို့ အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ၁၆း၃၀နာရီ အချိန်တွင် ဦး… အား မိုင်းခတ်မြို့မရဲစခန်းတွင် (ပ)၁၈/၂၀၁၈၊ ရှမ်းလက်နက် ၁၂(က)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.