Connect with us

Education & Health

တိုင်းရင်းဆေးကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် အရှိန်အဟုန်ဖြင့် ကြိုးစားရန် ပြည်ထောင်စုဝန်ကြီးညွှန်ကြား

တိုင်းရင်းဆေးကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များဆွေးနွေးစဉ် (ကျန်းမာရေးဝန်ကြီးဌာန)

ရန်ကုန်၊ စက်တင်ဘာ ၂၈ ရက် (ဆင်ဟွာ)

တိုင်းရင်းဆေးကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် ယခုထက်ပိုမို လျင်မြန်သော အရှိန်အဟုန် ဖြင့် ကြိုးစားကြရမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီး၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။

တိုင်းရင်းဆေးပညာရပ်ဆိုင်ရာအကြံပေးအဖွဲ့ အနေဖြင့် တိုင်းရင်းဆေးတက္ကသိုလ်သို့ သွားရောက်၍ သင်ကြားပုံနည်း စနစ်၊ သင်ရိုးညွှန်းတမ်း၊ စာသင်ခန်းမအနေအထားတို့ကို လေ့လာ၍ အခုထက်ပိုမို ကောင်းမွန်သော အရည်အသွေးဖြင့် တိုင်းရင်းဆေးပညာရှင်များ မွေးထုတ်နိုင်ရေး အကြံပြု စေလိုကြောင်း၊

တိုင်းရင်းဆေးပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် သုတေသနလုပ်ငန်းသည် အလွန် အရေးကြီးပြီး ဆေးသုတေသနဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန တို့နှင့် ပူးပေါင်းလုပ်ဆောင်ကြစေလိုကြောင်း ၎င်းကဆိုသည်။

တိုင်းရင်းဆေးထုတ်လုပ်သူများနှင့်လည်း လက်တွဲပြီး အရည်အသွေးပြည့်မီသော တိုင်းရင်းဆေးဝါးများ ပြည်သူလူထု လက်ဝယ်သို့ရောက်ရှိအောင် ကြိုးစားကြရမည် ဖြစ်ကြောင်း၊ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ သုတေသနမူဝါဒပေါ်ထွက်လာရေးအတွက် ဤအကြံပေးအဖွဲ့၏ အကူအညီ၊ အကြံဉာဏ်များရယူ ဆောင်ရွက်သွားရန်နှင့် တိုင်းရင်းဆေးပညာရပ်သင်ကြားရေးဆိုင်ရာညီလာခံတစ်ခုကိုလည်း ကျင်းပရန်လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။

တိုင်းရင်းဆေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် အရည်သွေး ပြည့်ဝသော ကျွမ်းကျင်ပညာရှင်များ မွေးထုတ်နိုင်ရေးအတွက် ရှေးနည်းလည်းမပယ်၊ ခေတ်မီဆန်းသစ်သောနည်း၊ အတွေးအခေါ်များဖြင့် ပေါင်းစပ်ဆောင်ရွက်၍ တိုင်းရင်းဆေး ပညာရပ် တိုးတက်ရေးအတွက် အစွမ်းကုန်ကြိုးစားပြီး အားလုံးစုစုစည်းစည်း ညီညီ ညွတ်ညွတ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တိုင်းရင်းဆေးပညာ ရပ်ဆိုင်ရာအကြံပေးအဖွဲ့ ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာ ဦးမိတ်က ပြောကြားသည်။

၎င်းနောက် တိုင်းရင်းဆေးပညာဦးစီးဌာန၊ ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးကျော်သိန်းဌေးနှင့် TAG အဖွဲ့ဝင်များက သင်ကြားရေးနှင့်သုတေသနကိစ္စ၊ Good Manufacturing Practice (GMP) သင်တန်းများဖွင့်လှစ်ရန်ကိစ္စ၊ စာကြည့်တိုက်တိုးတက် ရေးကိစ္စများ ဝိုင်းဝန်းဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးက အားလုံးညီညီညွတ်ညွတ်ဖြင့် စုပေါင်းစဉ်းစားဆောင်ရွက်သွားရန်နှင့် ဝန်ကြီးဌာနအနေဖြင့် အစွမ်းကုန်ပံ့ပိုးပေးမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.