Connect with us

Politics, Law & Military

ဒေါ်ခင်မျိုးကြည်အား ရန်ကုန်တိုင်း ဒေသကြီး ဥပဒေချုပ်အဖြစ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်က အတည်ပြု

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကျင်းပနေစဉ် (ဓာတ်ပုံ-- ရန်ကုန်လွှတ်တော်)

ရန်ကုန်၊ စက်တင်ဘာ ၂၇ ရက် (ဆင်ဟွာ)

လစ်လပ်နေသည့် ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ်နေရာတွင် အစားထိုး ခန့်အပ်နိုင်ရန်အတွက် ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် သတ္တမပုံမှန် အစည်းအဝေးသို့ စက်တင်ဘာလ ၂၆ ရက်က အမည်စာရင်းတင်သွင်းခဲ့သည့် ဒေါ်ခင်မျိုးကြည်အား ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ်အဖြစ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှ ယနေ့အတည်ပြုခဲ့သည်။

ဒုတိယအကြိမ်ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် သတ္တမပုံမှန် အစည်းအဝေး၌ တိုင်းဒေသကြီး လွှတ်တော်၏ သဘောတူညီမှုရ ယူရန် လွှတ်တော်သို့ အမည်စာရင်း တင်သွင်းခဲ့ပြီး ယနေ့လွှတ်တော် အစည်းအဝေးတွင် လွှတ်တော်က အတည်ပြုခဲ့ခြင်း ဖြစ်သည်။

ကန့်ကွက်လိုသည့် လွှတ်တော်ကိုယ်စားလှယ်များ ရှိပါက လွှတ်တော်သို့ အမည်စာရင်းပေးသွင်းရန်နှင့် အဆိုပါ ဒေါ်ခင်မျိုးကြည်သည် သတ်မှတ်အရည်အချင်းနှင့် မပြည့်စုံပါက ခိုင်လုံသည့် သက်သေအထောက်အထားများကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာ နည်းဥပဒေ (၅၄)အရ ပူးတွဲတင်ပြရန် လွှတ်တော်ဥက္ကဋ္ဌက စက်တင်ဘာ ၂၆ ရက် လွှတ်တော် အစည်းအဝေးတွင် ကြေညာခဲ့သော်လည်း ကန့်ကွက်မည့် လွှတ်တော်ကိုယ်စား လှယ်များမရှိသဖြင့် တိုင်းဒေသကြီး (သို့မဟုတ်)ပြည်နယ် လွှတ်တော်ဆိုင်ရာ နည်ဥပဒေ (၅၂) နှင့်အညီ လွှတ်တော် က သဘောတူကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.