ရန်ကုန်၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့ရှိ ကျိုင်းတုံ-မိုင်းလား သွားလမ်းမပေါ်တွင် ယနေ့ နံနက် ၃နာရီခွဲ၌ ကျပ် သိန်း ၂၅,၀၀၀တန်ဖိုးရှိ မူးယစ်ဆေးဝါး ICEများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ဗဟိုကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ) ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မော်မောင်းဘွမ် ကျေးရွာအနီးရှိ စွန့်ပစ်မြေစာပုံဟောင်းသည် စက်တင်ဘာ ၂၂ရက် နံနက် ၁၁နာရီတွင် ပြိုကျမှုဖြစ်ပွားပြီးနောက် မြေပိမိရာမှ တစ်ဆင့် လူ တစ်ဦးသေ၊ တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ) တရားမဝင်ကုန်စည်များ တားဆီးထိန်းချုပ်ရေးအတွက် ရေပူနှင့် မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်းတို့ကို ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များဖြင့် တင်သွင်း၊ တင်ပို့သော ကုန်ပစ္စည်းများကို စစ်ဆေးမှုပြုလုပ်ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၂၁ ရက်တွင် ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁ဝ ဒသမ ၇၂၂ သန်းခန့်ရှိ တရားမဝင် ကုန်စည်များ သိမ်းဆည်းရမိခဲ့ကြောင်း...
ရန်ကုန်၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ) ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီး မြို့နယ်၊ တောပြာကြီး ကျေးရွာအုပ်စုအတွင်းရှိ စက်မှုဝန်ကြီးဌာန၊ မြန်မာ့ဆေးဝါးလုပ်ငန်းမှ စုစုပေါင်းစွန့်လွှတ် မြေဧရိယာ (၃၃၂) ဧကကို မူလတောင်သူ (၂၇) ဦးထံသို့ ယာယီလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၃) များ ပြန်လည်ပေးအပ်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သောသတင်းအရ...
ရန်ကုန်၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ) ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် ဆွာချောင်းတမံပင်မရေပိုလွှဲ ကျိုးပေါက်မှုကြောင့် မျောပါသွားသည့် လူနေအိမ် ၁၆၁ လုံးအား မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များ အသင်းချုပ်မှ အခမဲ့တည်ဆောက်ပေးမည် ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ စက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် အာရှအမျိုးသမီးယူ၁၉ဘောလုံး ပြိုင်ပွဲ 2019 AFC U-19 Women’s Championship Qualification ကို ဝင်ရောက်ယှဉ်ပြိုင်ရန် လေ့ကျင့်ပြင်ဆင်နေသည့် မြန်မာ့လက်ရွေးစင် ယူ၁၉ အမျိုးသမီးဘောလုံးအသင်းသည် ပြိုင်ပွဲကြိုပြင်ဆင်မှုအနေဖြင့် ထိုင်းလက်ရွေးစင် ယူ၁၉အမျိုးသမီးဘောလုံးအသင်း နှင့် ခြေစမ်းပွဲ...
ရန်ကုန်၊ စက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ) ယခင်ဗဟိုအဖွဲ့က ခွင့်ပြုခဲ့ပြီး သတ်မှတ်ကာလ (၄) နှစ်ကျော်လွန်သည်အထိ ဖော်ထုတ်စိုက်ပျိုးလုပ်ကိုင်ခြင်း မရှိသည့် မြေလွတ်၊ မြေလပ်၊ မြေရိုင်းများ သိမ်းဆည်းမှုအဖြစ် ယနေ့အထိ ၁၁၆၇၁၇၆ . ၂၇ ဧက (ဧကတစ်ဆယ့်တစ်သိန်းကျော်) ပြန်လည်သိမ်းဆည်းပြီး ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ...
ရန်ကုန်၊ စက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်တွင် ထိန်းချုပ်ဓါတုပစ္စည်းများ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ စက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၌ အစာအဆိပ်သင့်ဖြစ်ပွား၍ ၈ ဦး ဆေးရုံတက်ကုသခံယူမှု ဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ) ကချင်ပြည်နယ်၊ မံစီမြို့နယ်တွင် ငွေကျပ် သိန်းပေါင်း ၁,၂၉၅ တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။