Connect with us

Environment, Disasters & Accidents

ဖားကန့်တွင် မြေစာပုံပြို၍ မြေပိမိရာမှ တစ်ဦးသေ၊ တစ်ဦး ဒဏ်ရာရ

ဖားကန့်အတွင်းရှိ ရေမဆေးကျောက်ရှာဖွေရေးလုပ်ကိုင်နေသူများအား တွေ့ရစဉ်(MOI)

ရန်ကုန်၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ)

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မော်မောင်းဘွမ် ကျေးရွာအနီးရှိ စွန့်ပစ်မြေစာပုံဟောင်းသည် စက်တင်ဘာ ၂၂ရက် နံနက် ၁၁နာရီတွင် ပြိုကျမှုဖြစ်ပွားပြီးနောက် မြေပိမိရာမှ တစ်ဆင့် လူ တစ်ဦးသေ၊ တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ မြေစာပုံဟောင်းတွင် ရေမဆေးကျောက်ရှာဖွေနေစဉ် မြေစာများပြိုကျပိမိခဲ့သဖြင့် တူးခေါင်(၃၁)နှစ်သည် မြေစာပိဒဏ်ရာများဖြင့် သေဆုံခဲ့ပြီး အိုက်စံ(၃၆)နှစ်သည် ဝဲဒူးအဆစ်လွဲ ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့သဖြင့် ဖားကန့်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117