Connect with us

Agriculture

သတ်မှတ်ကာလ (၄) နှစ်ကျော်လွန်သည်အထိ စိုက်ပျိုးလုပ်ကိုင်ခြင်း မရှိသည့် မြေလွတ်မြေလပ် မြေရိုင်း ဧကတစ်ဆယ့်တစ်သိန်းကျော် ပြန်လည်သိမ်းဆည်းပြီးဖြစ်

မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီ၏ ၁၄ ကြိမ်မြောက် အစည်းအဝေးကျင်းပစဉ် (ဓာတ်ပုံ--MOI)

ရန်ကုန်၊ စက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ)

ယခင်ဗဟိုအဖွဲ့က ခွင့်ပြုခဲ့ပြီး သတ်မှတ်ကာလ (၄) နှစ်ကျော်လွန်သည်အထိ ဖော်ထုတ်စိုက်ပျိုးလုပ်ကိုင်ခြင်း မရှိသည့် မြေလွတ်၊ မြေလပ်၊ မြေရိုင်းများ သိမ်းဆည်းမှုအဖြစ် ယနေ့အထိ ၁၁၆၇၁၇၆ . ၂၇ ဧက (ဧကတစ်ဆယ့်တစ်သိန်းကျော်) ပြန်လည်သိမ်းဆည်းပြီး ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ သတင်းထုတ်ပြန်သည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးရုံး၌ ကျင်းပပြုလုပ်သည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီ၏ ၁၄ ကြိမ်မြောက် အစည်းအဝေးတွင် ဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက “မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေ (၂၀၁၈ ခုနှစ်) အား ပြည်ထောင်စု လွှတ်တော် က ပြင်ဆင်အတည်ပြု ပြဋ္ဌာန်းပေးခဲ့ပြီးဖြစ်ရာ ဥပဒေပါ စည်းမျဉ်းစည်းကမ်းများနှင့်အညီ လုပ်ငန်းများ ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ နည်းဥပဒေများကိုလည်း လိုက်လျောညီထွေဖြစ်စေရန် ပြင်ဆင်ဖို့လိုအပ်ကြောင်း’’ ပြောကြားခဲ့သည်။

မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီ၏ ၁၄ ကြိမ်မြောက် အစည်းအဝေးတွင် စည်းကမ်းချက် သတ်မှတ်ကာလ (၄)နှစ်ပြည့်မြောက်ပြီးချိန်အထိ မြေပြင်အမှန်တကယ် စိုက်ပျိုးလုပ်ကိုင်ထားသော မြေဧရိယာအပေါ် ခွင့်ပြုအမိန့်စာအသစ် ထုတ်ပေးနိုင်ရေး ကိစ္စရပ်များကို လည်းကောင်း၊ မြေလွတ် မြေလပ်နှင့် မြေရိုင်း များတွင် လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် လျှောက်ထားခြင်းအပေါ် ကန့်ကွက်လွှာတင်သွင်းခြင်းအားစိစစ်ရန် သီးခြားအဖွဲ့ ဖွဲ့စည်းခြင်းနှင့် စပ်လျဉ်း၍ လည်းကောင်း၊ မြေလွတ်၊ မြေလပ်၊ မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီ၏ (၁၀/၂၀၁၈)၊ (၁၂/၂၀၁၈) အစည်းအဝေးဆုံးဖြတ်ချက်များအရ ပြန်လည်စိစစ်ရန် အကြောင်းကြားထားခြင်းများအပေါ် ပြန်လည် တင်ပြ လာသည့် လုပ်ငန်းစာတွဲနှင့် စပ်လျဉ်း၍လည်းကောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ သဘောထားမှတ်ချက် ပြန်ကြား လာသည့် လုပ်ငန်းစာတွဲနှင့် စပ်လျဉ်း၍ လည်းကောင်း ဆွေးနွေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အစည်းအဝေးသို့ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းနှင့် ဗဟိုကော်မတီအဖွဲ့ဝင်များ စုံညီစွာတက်ရောက် ဆွေးနွေးခဲ့ကြကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117