Connect with us

Politics, Law & Military

ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်တွင် ထိန်းချုပ်ဓါတုပစ္စည်းများ ဖမ်းဆီးရမိ

သိမ်းဆည်းရမိသည့် ထိန်းချုပ်ဓာတုပစ္စည်းများအားတွေ့ရစဉ် (ဓာတ်ပုံ--ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ စက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်တွင် ထိန်းချုပ်ဓါတုပစ္စည်းများ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ စက်တင်ဘာ ၂၀ ရက်နေ့ ၂၀း၃၀နာရီ အချိန် နမ့်ပေါင်ရဲကင်းစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် လားရှိုး မြို့နယ်၊ နမ္မဘောဒကျေးရွာရှိ နမ္မဘောဒတံတားတွင် လားရှိုးမြို့မှ မိုင်းရယ် မြို့သို့ မောင်းနှင်လာသည့် (၁၂)ဘီးမော်တော်ယာဉ်ကို ရှာဖွေရန် ရပ်တန့်ခိုင်းစဉ် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့မှာ ထွက်ပြေးတိမ်းရှောင်သွားပြီး ယာဉ်၏နောက်ပိုင်းတွင် ရေသန့်ဘူး၊ စက္ကူလိပ်များဖြင့်ကာလျက် မြေဆီအိတ်များဖြင့် ဖုံးအုပ်ထား သည့် ပလတ်စတစ်ပုံး ၁၄၀ ပုံးဖြင့်ထည့်လျက် ANTHRANILIC ACID ၂၈၀၀ လီတာ၊ သံပီပါ ၂၃ လုံးဖြင့်ထည့်လျက် TOLUENE ၄၆၀၀ လီတာ၊ သံပီပါ ၂ လုံးဖြင့်ထည့်လျက် 1-PHENYL-2-PROPANONE ၄၀၀ လီတာ၊ သံပီပါ ၅ လုံးဖြင့်ထည့်လျက် N-ACETYLANTHRANIC ACID ၁၀၀၀ လီတာ၊ လေအိုး ၂၀ လုံးနှင့် မြေဆီအိတ် ၆၀ အိတ် တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.