Connect with us

Sport

မြန်မာ့လက်ရွေးစင် ယူ၁၉အမျိုးသမီးဘောလုံးအသင်းနှင့် ထိုင်းလက်ရွေးစင် ယူ၁၉ အမျိုးသမီးဘောလုံးအသင်းတို့ ရန်ကုန်မြို့တွင် ခြေစမ်းပွဲ (၂)ပွဲယှဉ်ပြိုင်မည်

အမျိုးသမီးဘောလုံးအသင်းလေ့ကျင့်နေစဉ် (ဓာတ်ပုံ--MFF)

ရန်ကုန်၊ စက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် အာရှအမျိုးသမီးယူ၁၉ဘောလုံး ပြိုင်ပွဲ 2019 AFC U-19 Women’s Championship Qualification ကို ဝင်ရောက်ယှဉ်ပြိုင်ရန် လေ့ကျင့်ပြင်ဆင်နေသည့် မြန်မာ့လက်ရွေးစင် ယူ၁၉ အမျိုးသမီးဘောလုံးအသင်းသည် ပြိုင်ပွဲကြိုပြင်ဆင်မှုအနေဖြင့် ထိုင်းလက်ရွေးစင် ယူ၁၉အမျိုးသမီးဘောလုံးအသင်း နှင့် ခြေစမ်းပွဲ (၂)ပွဲ ရန်ကုန်မြို့တွင် ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်သည်။

အဆိုပါ ခြေစမ်းပွဲ (၂)ပွဲ ကို အောက်တိုဘာ (၅)ရက်နေ့ နှင့် (၇)ရက်နေ့များတွင် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။ အဆိုပါခြေစမ်းပွဲ (၂)ပွဲကို ကွင်းဝင်ကြေး ကောက်ခံခြင်းမရှိပဲ အခမဲ့ဝင်ရောက်ကြည့်ရှုနိုင်မည်ဖြစ်သည်။ ယှဉ်ပြိုင်ကစားမည့် အချိန်နှင့် ကွင်းကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေဖြင့် အသေးစိတ်ဆက်လက်ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ အမျိုးသမီး ယူ၁၉အသင်းကို နည်းပြချုပ်အဖြစ် ဒေါ်သက်သက်ဝင်းမှာ ဆောင်ရွက်နေပြီး အုပ်ချုပ်မှုနည်းပြ အဖွဲ့ဝင် (၉)ဦး၊ ကစားသမား (၃၁)ဦးတို့နှင့် စခန်းသွင်းလေ့ကျင့်နေသည်။ ပြိုင်ပွဲကြိုပြင်ဆင်မှုအနေဖြင့် စင်ကာပူ အမျိုးသမီး ယူ၁၉အသင်းနှင့် ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားခဲ့ပြီး မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း၊ KBZ Bank Women’s League ပြိုင်ပွဲဝင် ကလပ်အသင်းများ၊ အမျိုးသား လူငယ်အသင်းများနှင့် ခြေစမ်းပွဲများယှဉ်ပြိုင်ကစားခဲ့ပြီးဖြစ်ကြောင်း ထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.