ရန်ကုန် ၊ ဇူလိုင် ၂၅ ရက်(ဆင်ဟွာ) လူငယ်ဘက်စုံ ဖွံ့ဖြိုးရေးပွဲတော် (မန္တလေး)အား သြဂုတ် ၁၁ ရက်မှ ၁၃ ရက်အထိ မန္တလေး တက္ကသိုလ်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရန် စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ သတင်း ထုတ်ပြန်မှု အရ သိရသည်။
ရန်ကုန်၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုကျမှုများအား ရှင်းလင်းလျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
နေပြည်တော်၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ) အမျိုးသား စီမံကိန်းများကို အကောင်အထည်ဖော်ရာတွင် အမျိုးသား ဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်း ဖြစ်သော လူသား အရင်းအမြစ်များ ဖွံ့ဖြိုးရေး စီမံကိန်းအတွက် ရင်းနှီးမြှုပ်နှံမှုကို အလေးထား ဆောင်ရွက်ရမည် ဖြစ်ကြောင်း ၂၀၁၈ – ၁၉ ဘဏ္ဍာနှစ် အမျိုးသား...
ရန်ကုန်၊ ဇူလိုင် ၂၄ ရက်(ဆင်ဟွာ) နားလည်မှုစာခွျှန်လွှာ အကောင်အထည်ဖော်ရေးလုပ်ငန်းအဖွဲ့သည် ရခိုင်ပြည်နယ်၊ ဘူးသီးတောင် နှင့် မောင်တောမြို့နယ်များသို့ ပထမအကြိမ် ကွင်းဆင်းလေ့လာခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးက ထုတ်ပြန်သောသတင်းအရ သိရသည်။
ရန်ကုန် ၊ ဇူလိုင် ၂၄ ရက်(ဆင်ဟွာ) ကရင်ပြည်နယ်တွင် ရေဘေးသင့်ပြည်သူများအတွက် ဘားအံ ၊ လှိုင်းဘွဲ ၊ ကော့ကရိတ် ၊ ကြာအင်း ဆိပ်ကြီး နှင့် မြဝတီ မြို့နယ်များတွင် ကယ်ဆယ်ရေးစခန်း ၃၃ ခု ဖွင့်လှစ် နေရာချထားပေးလျက် ရှိကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏...
နေပြည်တော်၊ ဇူလိုင် ၂၃ ရက် (ဆင်ဟွာ) ၂၀၁၈ – ၁၉ ဘဏ္ဍာနှစ်တွင် တစ်မျိုးသားလုံး၏ စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (GDP) ကို နှစ်အလိုက်ဈေးနှုန်းအရ ကျပ် ၁၀၆ ဒသမ ၀၉၆ ထရီလီယံ ရရှိရန် ခန့်မှန်းထားကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန...
ရန်ကုန်၊ ဇူလိုင် ၂၃ ရက် (ဆင်ဟွာ) ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ Chatrium Hotel တွင်ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး အစိုးရနှင့် အာရှဖွံ့ဖြိုးရေးဘဏ်တို့ ပူးတွဲကျင်းပသည့် အိမ်ရာဘဏ္ဍာရေးဈေးကွက်ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတက်ရောက် အမှာစကား ပြောကြားခဲ့သည်။
ရန်ကုန်၊ ဇူလိုင် ၂၃ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လမ်းများကို အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ညှိနှိုင်းအစည်းအဝေးကို ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ခန်းမ(၄)၌ ပြုလုပ်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သတင်းထုတ်ပြန်သည်။
နေပြည်တော်၊ ဇူလိုင် ၂၃ ရက် (ဆင်ဟွာ) ဒုတိယအကြိမ် ပြည်သူ့ လွှတ်တော် နဝမ ပုံမှန်အစည်းအဝေးတွင် အခွန် အယူခံခွင့် ဥပဒေကြမ်း အပါအဝင် ဥပဒေကြမ်း ၂၃ ခုနှင့် အဆို ခုနစ်ခုတို့ကို ဆွေးနွေးသွားမည်ဟု ပြည်သူ့ လွှတ်တော် ဥက္ကဌ ဦးတီခွန်မြတ်က ယနေ့ ပြောကြားခဲ့သည်။
ရန်ကုန်၊ ဇူလိုင် ၂၃ ရက် (ဆင်ဟွာ) မွန်ပြည်နယ် ဘီးလင်းမြို့နယ်တွင် မိုးများသည်းထန်စွာ ရွာသွန်းမှုကြောင့် ရပ်ကွက်နှင့်ကျေးရွာများတွင် ရေကြီးမှုများဖြစ်ပေါ်လျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။