Connect with us

Politics, Law & Military

ဆုကြေးများအပေါ် အခွန်ကင်းလွတ်မည့် ဘတ်ဂျက် ဥပဒေ တင်သွင်း

ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကျင်းပနေသည်ကိုတွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော်၊ သြဂုတ် ၂၄ ရက် (ဆင်ဟွာ)

မူးယစ်ဆေးဖမ်းဆီးရမှုများအပေါ် သတင်းပေးသူ၊ ဖမ်းဆီးသူများ ဆုကြေးရရှိသည့်အခါ ဆုငွေ ကျပ် သိန်းတစ်ရာထက် ပိုမိုရရှိခဲ့လျှင် အခွန်ပေးဆောင်ရမည်ဟု ပြဌာန်းထားသော လက်ရှိ ဥပဒေကို ၂၀၁၈ – ၁၉ ဘဏ္ဍာနှစ် ဘတ်ဂျက် ဥပဒေကြမ်းတွင် ပြင်ဆင်လိုက်သည့် အတွက် ဆုကြေး မည်မျှပင်ရစေ ကာမူ ထိုဆုငွေအတွက် အခွန်ကင်းလွတ်မည် ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီးက ယနေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် တင်ပြခဲ့သည်။

“ယခုအခါမှာ နိုင်ငံတော်က အထူးအားပေးလျက်ရှိတဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအတွက် အထူး အကျိုးရှိစေမယ့် ပြဌာန်းချက်တစ်ခု ထည့်သွင်းထားပါတယ်။ ပုဒ်မ ၉၁ ဖြစ်ပါတယ်။ ပြည်သူများရဲ့ နိုင်ငံသား ပီသစွာ ဆောင်ရွက်မှုကို ချီးမြှင့်တဲ့အနေနဲ့ ပေးအပ်တဲ့ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲ စေသော ဆေးဝါးများဆိုင်ရာဥပဒေအရ ဖမ်းဆီးရမိမှုအပေါ်မှာ ဆုငွေချီးမြှင့် ခြင်း အစီအစဉ်အရ ယခင်က နှစ်တစ်နှစ်အတွင်း ဆုငွေကို တစ်ကြိမ်းတည်း ရရှိသည်ဖြစ်စေ၊ အကြိမ်ကြိမ် ရရှိ သည်ဖြစ် စေ ရရှိတဲ့ စုစုပေါင်းဝင်ငွေအပေါ်မှာ အခွန်ကင်းလွတ်ခွင့်ကို ကျပ်သိန်းတစ်ရာအထိသာ ခွင့်ပြုပေးထားပြီး တော့ အခုအခါမှာ ဖမ်းဆီးရမိမှုအပေါ်မှာ ဆုကြေးငွေများ ပိုမိုရရှိလာနိုင်အောင် အခွန်ကင်းလွတ်ခွင့် ကျပ် သိန်းတစ်ရာ ကန့်သတ်ချက်ကို ပယ်ဖျက်ခဲ့ခြင်းဖြစ်ပါတယ်။ ယခင်ကာလ များမှာ ဖမ်းဆီးရမိမှုအပေါ်မှာ ဆုငွေချီးမြှင့်ခြင်းက ရရှိတဲ့ ဝင်ငွေဟာ ကျပ်သိန်းတစ်ရာထက် ပိုမိုရရှိခဲ့ ပါက ဝင်ငွေခွန် ထမ်းဆောင်ရမှာဖြစ်သော်လည်း ယခု ဆုကြေးမည်မျှပင်ရသည်ဖြစ်စေ ဝင်ငွေခွန်ကင်းလွတ်ခွင့်ရရှိနိုင်မှာဖြစ်ပါတယ်” ဟု ဒုတိယ ဝန်ကြီး ဦးမောင်မောင်ဝင်းက ရှင်းလင်း တင်ပြခဲ့သည်။

အဆိုပါ ပြင်ဆင်ချက်သည် ၂၀၁၈ – ၁၉ ခုနှစ် ဘတ်ဂျက်၏ ထူးခြားချက်နှစ်ရပ်အနက် တစ်ချက် ဖြစ်ပြီး ကျန်တစ်ချက်မှာ အထူးကုန်စည်ခွန် နှုန်းထားများကို တိုးမြှင့်သတ်မှတ်ခြင်းဖြစ်သည် ဆို၏။

“အချို့သော အထူးကုန်စည် ခွန်နှုန်းထားများကို လက်ရှိကောက်ခံလျှက်ရှိတဲ့ နှုန်းထားများအစား GDP တိုးတက်မှုနှင့် ငွေကြေးဖောင်းပွမှု အတိုးနှုန်းတို့ကို အခြေခံပြီး နှုန်းထားသစ်ဖြင့် အနည်းငယ်တိုးမြှင့်ပြီး ပြောင်းလဲသတ်မှတ်မှာ ဖြစ်ပါတယ်၊ ယင်းသို့ တိုးမြှင့်ကောက်ခံနိုင်ခြင်းအားဖြင့် နိုင်ငံတော်အတွက် လည်း ဘဏ္ဍာငွေ အထိုက်အလျှောက် တိုးမြှင့်ရရှိလာမှာဖြစ်ပါတယ်” ဟု ၂၀၁၈-၁၉ ခုနှစ် ပြည် ထောင်စု၏ အခွန်အကောက်ဥပဒေကြမ်းကို ပြည်ထောင်စု လွှတ်တော်သို့ ယနေ့ တင်သွင်းရာတွင် ၎င်းက ရှင်းလင်း တင်ပြခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.