Connect with us

Environment, Disasters & Accidents

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်အတွင်း တောင်ညို ချောင်းရေမြင့်တက်မှုဖြစ်ပွား

ချောင်းဘောင်ရေတိုက်စားပျက်စီးမှုအားတွေ့ရစဉ် (ဓာတ်ပုံ--ပြည်ထဲရေးဝန်ကြီးဌာ

ရန်ကုန်၊ သြဂုတ် ၂၄ ရက် (ဆင်ဟွာ)

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်အတွင်း တောင်ညို ချောင်းရေမြင့်တက်မှုကြောင့် တာပွန်မြို့ တာကျိုးနှင့်သူဌေးကုန်းကျေးရွာကြားရှိ တောင်ညိုချောင်း ဘောင် အလျား ၃၅ ပေ၊အမြင့် ၈ ပေခန့် ရေတိုက်စားပျက်စီးခဲ့ရာ အလယ်ပိုင်းရပ်ကွက်ပါ ၃ ခုတို့၌ ရေအနက် ၁/၂ ပေခန့် ဝင်ရောက်နေသဖြင့် အိမ်ထောင်စု ၁၁၀ စု၊ လူဦးရေ ၃၅၅ ဦး(ကျား ၁၆၉၊ မ ၁၈၆)တို့မှာ ဓမ္မာရုံများသို့ ပြောင်းရွှေ့နေထိုင်လျက် ရှိကြောင်းပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။

၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၂၃ ရက်နေ့ ၀၂း၀၀နာရီ အချိန်တွင် ချောင်းရေ မြင့်တက်ခဲ့ခြင်းဖြစ်သည်။ ၎င်းချောင်းရေမြင့်တက်မှုကြောင့် စာသင်ကျောင်း တစ်ကျောင်းလည်း ခေတ္တပိတ်ထားရကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.