Connect with us

Politics, Law & Military

တနသာၤရီတိုင်းဒေသကြီး မြိတ်မြို့ ကမ္ဘောဇဘဏ်ခွဲ(၃)၌ အမျိုးသား ၁ ဦးမှ ငွေများလုယူမှုဖြစ်ပွား

မြိတ်မြို့၊ ကမ္ဘောဇဘဏ်ခွဲ(၃) လုယက်မှုဖြစ်စဉ်တွင် ဖမ်းဆီးရမိသူအားသက်သေခံပစ္စည်းများ နှင့်အတူတွေ့ရစဉ် (ဓာတ်ပုံ--ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ သြဂုတ် ၂၅ ရက် (ဆင်ဟွာ)

တနသာၤရီတိုင်းဒေသကြီး မြိတ်မြို့ ကမ္ဘောဇဘဏ်ခွဲ(၃)၌ အမျိုးသား ၁ ဦးမှ ငွေများလုယူမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှယနေ့သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၂၄ ရက်နေ့ ၁၂း၀၀ နာရီအချိန် မြိတ်မြို့၊ နောက်လယ်ရပ်ကွက် ပိတောက်ရွှေဝါလမ်းမကြီးရှိ ကမ္ဘောဇဘဏ်ခွဲ(၃)သို့ မင်းမင်းစိုး(ခ)မင်းစိုး(၂၈)နှစ်သည် ဆိုင်ကယ်ဖြင့် ရောက်ရှိလာကာ အသင့်ပါလာသော အရှည် ၂ ပေခန့်ရှိ ဓားကောက် ၁ ချောင်းဖြင့် ခြိမ်းခြောက်၍ ကောင်တာ(၂)ရှိ ဒေါ်သင်းသင်းအိနှင့် ကိုရဲမင်းတို့ထံမှ ငွေကျပ် ၅ သိန်းအား လုယူပြီး ၁၂း၁၀ နာရီ အချိန်တွင် ဆန်းသီရိလမ်းအတိုင်း မြို့သစ်ဘက်သို့ မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဘဏ်မန်နေဂျာ ဒေါ်မိုးမိုးအေးမှ တိုင်တန်းသဖြင့် မင်းမင်းစိုး(ခ)မင်းစိုးအား မြိတ်မြို့မရဲစခန်း (ပ) ၁၁၈၇/၂၀၁၈၊ ရာဇသတ်ကြီး ပုဒ်မ ၃၉၂ (လုယက်မှု)ဖြင့် အမှုဖွင့်စစ်ဆေးခဲ့ကြောင်း၊ မင်းမင်းစိုး(ခ)မင်းစိုးအား ရေနံမြေရပ်ကွက်ရှိ ယောကြီးဝ ချောင်းစပ်၌ သက်သေခံဓားနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏နေအိမ်တွင် ဘဏ်မှ လုယက်ခဲ့သည့် ကျပ် ၅ သိန်းအား သိမ်းဆည်းရမိခဲ့ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.