Connect with us

Politics, Law & Military

ရှမ်းပြည်နယ်(မြောက်ပိုင်း)ကွတ်ခိုင်မြို့နယ်အတွင်း မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့်ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ

သိမ်းဆည်းရမိသည့်ပစ္စည်းများအားတွေ့ရစဉ် (ဓာတ်ပုံ-- တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

ရန်ကုန်၊ သြဂုတ် ၂၅ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်အတွင်း မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့်ဆက်စပ် ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ယနေ့သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်အတွင်း လုံခြုံရေးတာဝန်ထမ်းဆောင်နေသော တပ်ဖွဲ့ဝင်များသည် သြဂုတ် ၂၃ ရက် ညနေ ၅ နာရီခွဲခန့်တွင် ကောင်းခါးကျေးရွာ၏အရှေ့ဘက် မီတာ ၅၀၀၀ ခန့်အကွာသို့အရောက်၌ လူမနေသည့် တဲငါးလုံး အားတွေ့ရှိခဲ့သဖြင့် အနီးပတ်ဝန်းကျင်အား ရှာဖွေစစ်ဆေးရာ မူးယစ်ဆေးဝါးချက်လုပ်ရာတွင်အသုံးပြုသည့် ဂါလန် ၅၀ ဆံ့ ပလတ်စတစ်ပုံး ၆၀ ပုံး(အက်စစ်ပါ ၃၀ ပုံး)၊ ဂါလန် ၅၀ ဆံ့ သံပီပါတစ်လုံး၊ ၅ ပေအရှည်ရှိ ဂက်စ်အိုးတစ်လုံး၊ ဆက်စပ် ပစ္စည်းများပါသည့် ဖန်ပေါင်းအိုးတစ်လုံး၊ အက်စစ်များထည့်ထားသည့် ငါးဂါလန်ဆံ့ လက်ဆွဲပုံး ၂၀ ပုံး၊ ပိုက်ကြိုးခွေဆိုဒ်စုံ ၂၀ ခွေ၊ အလျား ၁ ပေခွဲ၊ အနံ ၁ ပေရှိ လျှပ်စစ်မီးဖို ၁၀၀ လုံး၊ မီးသတ်ဆေးဘူး ၁၇ ဘူး၊ အလျား ပေ ၃၀၊ အနံ ပေ ၂၀ ရှိ မိုးကာစသုံးစနှင့် အမြင့် ၃ ပေ၊ အကျယ် ၅ ပေရှိ သံပေါင်းအိုးတစ်လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါ သိမ်းဆည်းရမိပစ္စည်းများအား ကွတ်ခိုင်မြို့မရဲစခန်းသို့ လွှဲပြောင်းအပ်နှံသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.