Connect with us

Science & Technology

ရန်ကုန်တိုင်းဒေသကြီးတွင် YGNကားလိုင်စင်ပြန်ပေးနိုင်ရေးစီစဉ်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းပြောကြား

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း မီဒီယာများအားရှင်းလင်းပြောကြားစဉ် (ဓာတ်ပုံ--YRG)

ရန်ကုန် သြဂုတ် ၂၅ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီးတွင် စက်မှုဇုန်များကို YCDC ကိုလွှဲအပ်ပြီးအဆင့်မြှင့်တင်ရေး၊ YGNကားလိုင်စင်ပြန်ပေးနိုင်ရေးစီစဉ်လျက် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဆောင်ရွက်မှုများကို မီဒီယာများအားရှင်းလင်းပြောကြားခဲ့သည်။

ထို့ပြင် လျှပ်စစ်၊ ပို့ဆောင်ဆက်သွယ်ရေးအပိုင်းများ ဖွံ့ဖြိုးတိုးတက်ရန်ကြိုးပမ်း ဆောင်ရွက်လျက်ရှိပြီး လျှပ်စစ်မီးလုံလောက်စွာ ပေးဝေနိုင်သည့်အဆင့်ကို ရောက်ရှိနေပြီဖြစ်ကြောင်း ဦးဖြိုးမင်းသိန်းကဆိုသည်။

ရန်ကုန်မြို့တွင်းရေစီးရေလာကောင်းမွန်ရေး၊ရေနုတ်မြောင်းများတည်ဆောက်ရေး၊ရေကြီးရေလျှံကိစ္စများ ထိးန်သိမ်းနိုင်ရေးဆောင်ရွက်ချက်များ၊YCDC ၏ ဥပဒေသစ်ကိစ္စနှင့် ယင်းဥပဒေအရ ယခုလာမည့် အောက်တိုဘာလတွင်ထိရောက်စွာကိုင်တွယ်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပြည်သူများ၏တောင်းဆိုချက်အရ ကားပါကင်များပြန်လည်သတ်မှတ်၍ပါကင်ကြေးများကောက်ခံမည့်ကိစ္စနှင့် စည်းကမ်းမဲ့ရပ်နားသွားလာသော ယာဉ်များအား YCDC မှဥပဒေအရ ထိရောက်စွာအရေးယူ ဆောင်ရွက်သွားမည့်ဖြစ်ကြောင်း ယခုနှစ်အတွင်း ရန်ကုန်မြို့တော်အား သန့်ရှင်းလှပပြီး စည်းကမ်းဥပဒေနှင့်ညီသောမြို့တစ်မြို့ဖြစ်ရန် မိမိတို့ ကြိုးပမ်းသွားမည်ဖြစ်၍ ယင်းသို့ဆောင်ရွက်မှုများကို သတင်းမီဒီယာများမှ ဘက်ပေါင်းစုံမှဝိုင်းဝန်းကူညီပေးကြရန် ဝန်ကြီးချုပ် ကတိုက်တွန်းပြောကြားသည်။

ထို့ပြင် ကျူးကျော်များ အရေးဆောင်ရွက်ထားမှု၊ တန်ဖိုးနည်း၊ တန်ဖိုးသင့်အိမ်ရာများ တည်ဆောက်မည့်အခြေအနေ၊အရည်အသွေးပြည့်မှီ၍ ကောင်းမွန်သောလမ်းများခင်းကျင်းရန်၊ဒဂုံမြို့

သစ် လေးမြို့နယ်အား ပိုမိုဖွံ့ဖြိုးတိုးတက်လာရန် ဆက်လက်အဆ့င်မြှင့်တင် ဆောင်ရွက်ရန်ပြင်ဆင်ထားရှိမှု၊ ရန်ကုန်ဆိပ်ကမ်းနှင့်နောက်ထပ်တည်ဆောက်မည့်ဆိပ်ကမ်းများအခြေအနေ၊ပင်လယ်ကူးသင်္ဘောများဝင်ထွက်သွားလာရေး လွယ်ကူရန်ဆိပ်ကမ်းတည်ဆောက်ရေး၊မကြာမီဒလတံတားကို အကောင်အထည်ဖော် တည်ဆောက်ရန်ကြိုးပမ်းလျက်ရှိပြီးရန်ကုန်မြစ်အနောက်ဘက်ကမ်းဖွံဖြိုးတိုးတက်ရေးအတွက်ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း၊ စက်မှုဇုန်နှင့် မြို့ပြအသစ်ပေါ်ပေါက်ရေးအတွက် မိမိတို့ကြိုးပမ်းလျက်ရှိကြောင်း၊ ဘတ်စ်ကားမှတ်တိုင်များတည်ဆောက်ရာတွင် နိုင်ငံတော်မှကုန်ကျခံတည်ဆောက်ခြင်းမဟုတ်ပဲ ကုမ္ပဏီများအားတင်ဒါခေါ်ယူကာ တင်ဒါအောင်မြင်သည့်ကုမ္ပဏီများက သာအကုန်ကျခံတည်ဆောက်ခြင်း ဖြစ်ကြောင်း၊ ပြည်သူလူထုဘဝမြှင့်တင်ရေးအတွက် မိမိတို့ နှစ်ပေါင်း ၃၀ ကြာကြိုးပမ်းလာခဲ့ရပြီး ယခုအချိန်အခါတွင် မိမိတို့ လုပ်ခွင့်ရခြင်းအတွက် တတ်စွမ်းသရွေ့လူထုဘဝမြှင့်တင်ရေး၊ပြည်သူလူထုကို ဝန်ဆောင်မှုအပြည့်အဝပေးနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိရာ ပြည်သူလူထုတစ်ရပ်လုံး ပူးပေါင်းပါဝင်မှုရှိမည်ဆိုလျင် မြန်ဆန်သည့်ပြုပြင်ပြောင်းလဲမှုများ ဖြစ်လာမည်ဖြစ်ကြောင်း၊ အားလုံးပူပေါင်းပြီး စုပေါင်းစွမ်းအားဖြင့်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် က ဆက်လက်ပြောကြားသည်။

ရန်ကုန်တိုင်းဒသကြီးအစိုးရအဖွဲ့၏ ဒုတိယတစ်နှစ်တာ (၂၀၁၇-၂၀၁၈)လုပ်ငန်းဆောင်ရွက်ချက် သတင်းစာရှင်းလင်းပွဲကို သြဂုတ်လ ၂၄ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ကျင်းပခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.