ရန်ကုန်၊ မေ ၁၅ ရက် (ဆင်ဟွာ) ယနှစ် မိုးရာသီကာလအတွင်း ဖြစ်ပွားနိုင်သည့် ဘေးအန္တရာယ် များနှင့် အချိန်အခါမရွေး ဖြစ်ပေါ်လာနိုင်သည့် ငလျင်ဘေးအန္တရာယ် အတွက်ကြိုတင် ကာကွယ်ရေး၊ ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများနှင့် ပတ်သက်ပြီးဆွေးနွေး ညှိနှိုင်းခဲ့ကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောကြားသည်။
ရန်ကုန်၊ မေ ၁၅ ရက် (ဆင်ဟွာ) ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်၊ ကွိုင်ငံရွာသစ်အနောက်ဘက်နေရာ၌ မေ ၁၄ရက်နေ့တွင် တရားမဝင် ပိတောက်/ကျွန်းသစ်/ဓါးရွေ (၁၅၂)လုံး တန်အားဖြင့် (၃၃.၆၃၂၂) တန်အား ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ မေ ၁၅ ရက် (ဆင်ဟွာ) လှိုင်သာယာမြို့နယ်အတွင်းရှိ ထိန်ပင်အမှိုက်ပုံ မီးငြှိမ်းသတ်ရာတွင် ပါဝင်ဆောင်ရွက်ခဲ့ကြ သူများအား ချီးကျူးဂုဏ်ပြုထိုက်သူ အဖြစ် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ရွေးချယ်ခဲ့ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးက ထုတ်ပြန်ချက်အရ သိရသည်။
ရန်ကုန်၊ မေ ၁၅ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နယ် မိုင်းဖုန်း(ခ)အုပ်စု ဝှေလေလန် ပူးပေါင်းစစ်ဆေးရေးစခန်း၌ မေ ၁၄ ရက် နံနက် ၃ နာရီခွဲခန့်က ကျပ်သိန်းပေါင်း ၉၆ဝဝ ခန့်တန်ဖိုးရှိ (အိုက်စ်) အဖြူရောင် ပုံဆောင်ခဲများ ဖမ်းဆီးရမိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ မေ ၁၂ ရက် (ဆင်ဟွာ) ပဲခူးတိုင်းဒေသကြီး သဲကုန်းမြို့နယ်၌ ယာဉ်တိမ်းမှောက်မှုကြောင့် ၈ ဦးသေ၊ ၂၀ ဦး ဒဏ်ရာရရှိမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ မေ ၁၂ ရက် (ဆင်ဟွာ) လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ ပြည်သူ့အတွက် ဒုတိယ တစ်နှစ်တာကာလ အတွင်း ဆောင်ရွက်ခဲ့မှုနှင့် စပ်လျဉ်း၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးတင် မောင်ဦး က ရှင်းလင်းပြောကြားသည်။
ရန်ကုန်၊ မေ ၁၁ ရက် (ဆင်ဟွာ) မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်နိမိတ်စာချုပ်ပါ သတ်မှတ်ချက်များ ချိုးဖောက်ရာရောက်သည့် သဲအိတ် အိုဗာဟက်ပစ်ကျင်းနှင့် ဘန်ကာများ ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်း၌ ပြုလုပ်ထား၍ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီး အား ခေါ်ယူတွေ့ဆုံပြီး တရားဝင် ကန့်ကွက်ခဲ့ကြောင်း သတင်းထုတ်ပြန်ရေးကော်မတီမှ ယနေ့ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ မေ ၁၂ ရက် (ဆင်ဟွာ) ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် သုံးနှစ်တာ တရားစီရင်ရေးဆိုင်ရာ မဟာဗျူဟာ စီမံကိန်း (၂၀၁၅-၂၀၁၇)၏ အတွေ့အကြုံနှင့် အောင်မြင်မှုများအပေါ် အခြေပြုပြီးနောက် ပြည်သူလူထု၏ ဖြစ်ပေါ်လျက်ရှိသည့် လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန်နှင့် မြန်မာ့ တရားစီရင်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို စဉ်ဆက်မပြတ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် “အားလုံးအတွက်တိုးတက် ကောင်းမွန်သော...
ရန်ကုန်၊ မေ ၁၁ ရက် (ဆင်ဟွာ) ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်တွင် ငွေကျပ် ၉,၄၄၉ သိန်းတန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ မေ ၁၁ ရက် (ဆင်ဟွာ) ပုဂံဒေသရှိ ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သော ဘုရားပုထိုး ၃၀၈ ဆူ ပြုပြင်ထိန်းသိမ်းပြီးဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန၏ ထုတ်ပြန် ချက်အရ သိရသည်။