Connect with us

Environment, Disasters & Accidents

ရန်ကုန်-မော်လမြိုင် အဝေးပြေးလမ်းမကြီး(ဘီးလင်းလမ်းပိုင်း) ပြန်လည်ဖွင့်လှစ်

ရန်ကုန်-မော်လမြိုင်အဝေးပြေးကားလမ်းအား စစ်ဆေးမှုပြုလုပ်နေစဉ်(ဘီလင်းမြို့နယ်ကွက်ကဲရေးရုံး)

ရန်ကုန်၊ ဇူလိုင် ၃၀ ရက် (ဆင်ဟွာ)

မွန်ပြည်နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး ယာယီပိတ်ထားခဲ့ရသော ရန်ကုန်-မော်လမြိုင် အဝေးပြေးလမ်းမကြီး(ဘီးလင်းလမ်းပိုင်း)ကို ယနေ့(ဇူလိုင် ၃၀ရက်) နေ့လည် ၂နာရီခွဲတွင် ပြန်လည်ဖွင့်လှစ်လိုက်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။

ဘီးလင်းမြို့နယ်နှင့် ကျိုက်ထိုမြို့နယ်များအတွင်း အချို့နေရာများတွင် လမ်းရေကျော်မှုများ ဖြစ်ပွားနေခြင်းကြောင့် ဇူလိုင်လ (၂၆) ရက်မှ စတင်၍ ဘုရားကြီး- မော်လမြိုင်- ထားဝယ်- ကော့သောင်း အဝေးပြေးလမ်းမကြီးအား ယာယီပိတ်ထားခဲ့ပြီး ယခုအခါ ရေပြန်လည်ကျဆင်းသွားသည့်အတွက် ရေကျော်မှုဖြစ်ပွားသည့် နေရာများအား လမ်း၊ တံတားပညာရှင်များနှင့် သက်ဆိုင်ရာဌာနဆိုင်ရာများမှ အဆိုပါလမ်း၊ တံတားများအားကြံ့ခိုင်မှု စစ်ဆေးဆောင်ရွက်ခဲ့ပြီး ယနေ့ ပြန်လည် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ လမ်းမကြီးကို ယနေ့ မွန်းလွဲ ၂နာရီခွဲအချိန်တွင် သထုံမြို့နယ် ဘက်မှလည်ကောင်း၊ ညနေ ၄နာရီအချိန်တွင် ကျိုက်ထိုမြို့နယ်ဘက်မှ လည်းကောင်း အဝေးပြေးလမ်းမကြီးအား ပြန်လည် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

” ဘီးလင်း ကားလမ်းမကြာမီ ဖွင့်ပေးပါတော့မယ်။ နေ့ခင်း ၂ နာရီလောက် မှာ ဘီးလင်း – မော်လမြိုင်ဘက် ကားတွေကို အရင် စလွှတ်ပါမယ်။ ရန်ကုန်ဘက်အခြမ်းကိုတော့ နောက်မှ လွှတ်မှာပါ။ ကားကြီးတွေကိုပဲ အရင်ပေးဖြတ်မယ်လို့ပြောတယ်၊ ရွှေရောင်ပြမှာ မနက်က ရေ ၃ ပေလောက်ရှိပေမယ့် အခုရေ ကျနေပါပြီ။ စက်တပ်မော်တော်ဘုတ်တွေတောင် ကားလမ်းပေါ်မှာ မောင်းလို့ မရတော့ပါဘူး။ ရေတော်တော်လေး နည်းသွားပါပြီ။ ဒီညနေဆို ကားတွေ တော်တော်လေး ရှင်းသွားနိုင်ပါတယ်” ဘီးလင်းမြို့၌ အခမဲ့ကြိုပို့ယာဉ် ကူညီပေးနေသည့် ဒေသခံ ကိုတင်ထွန်းနိုင်က ပြောကြားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.