Connect with us

Environment, Disasters & Accidents

ရခိုင်ပြည်နယ်တွင် Cyclone Shelter ၅၄ လုံး ဆောက်လုပ်လျက်ရှိ

နေပြည်တော်၊ ဇူလိုင် ၃၀ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်အတွင်း သဘာဝဘေးအန္တရာယ်အတွက် အသုံးပြုရန် Cyclone Shelter ၅၄ လုံး ဆောက်လုပ်လျက် ရှိရာ ၂၂ လုံး ပြီးစီးနေပြီး ကျန် ၂၈ လုံးတို့ကိုလည်း ဆက်လက် ဆောက်လုပ် လျက် ၇ှိကြောင်းလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး ဦးစိုးအောင်က ယနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောခဲ့သည်။

“ရခိုင်ပြည်နယ်ဟာ ရေမြေသဘာဝအနေအထားအရ ပင်လယ်ကမ်ရိုးတန်း တစ်လျှောက်မှာ တည်ရှိ နေတဲ့အတွက် မုန်တိုင်းအန္တရာယ်ကို နှစ်တိုနှစ်ရှည်ခံစားနေရတဲ့ ဒေသဖြစ်ပြီး မုန်တိုင်း ဒဏ်ခိုလှုံရန် အဆောက်အအုံများ လိုအပ်လျက်ရှိပါတယ်၊ ရခိုင်ပြည်နယ်အတွင်းမှာ ပြည်သူများ အတွက် ဘက်စုံ သုံး အဆောက်အအုံကြီးများကို ဆောက်လုပ်လျက်ရှိရာ ဆောက်လုပ်ပြီးစီး မှု ၂၂ လုံးရှိပြီး ဆောက် လုပ်ဆဲနဲ့ ဆောက်လုပ်ရန်ကျန် ၂၈ လုံးရှိရာ ရခိုင်ပြည်နယ် အစိုးရက တာဝန်ယူဆောက်လုပ်နေဆဲ လေးလုံးနဲ့ ကျန်တဲ့ Shelters တွေကိုတော့ အမျိုးသား သဘာ၀ ဘေးအန္တရယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေမှ တင်ဒါစနစ်ဖြင့် ဆောက်လုပ်ပေးသွားမှာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောခဲ့သည်။

ဒုတိယ အကြိမ် ပြည်သူ့လွှတ်တော် နဝမ ပုံမှန် အစည်းအဝေး တတိယနေ့ အစီအစဉ်တွင် ကျောက်တော် မဲဆန္ဒနယ် ဦးဦးထွန်းဝင်း၏ “ရခိုင်ပြည်နယ်မြို့နယ်များရှိ ကျေးရွာအုပ်စုကြီးများတွင် ဒေသ ကိုယ်စားပြု ဘက်စုံသုံး အဆောက်အအုံ (Community)များ တည်ဆောက်ပေးရန် အစီအစဉ် ရှိမရှိ” ဟူသည့် မေးခွန်းကို ပြန်လည်ဖြေကြားရာတွင် ဒုတိယ ဝန်ကြီးက ပြောခဲ့ခြင်း ဖြစ်သည်။

ယခုနှစ်အတွင်း သဘာဝဘေးအန္တရာယ် ကျရောက်နိုင်သည့် ကျန်သည့် တိုင်းဒေသကြီး/ ပြည်နယ် များတွင်လည်း Cyclone Shelter များ ဆောက်လုပ်လျက်ရှိရာ ဧရာဝတီတိုင်း ဒေသ ကြီးတွင် ဆောက်လုပ်ပြီး ၇၀ လုံး၊ ဆောက်လုပ်ဆဲ ငါးလုံး၊ ဆောက်လုပ်ရန်ကျန် ၅၇ လုံး၊ ရှမ်းပြည် နယ်တွင် Cyclone Shelter တစ်လုံး တည်ဆောက်မည်ဖြစ်ပြီး ချင်းပြည်နယ်တွင် ဆောက်လုပ်ဆဲ တစ်လုံး၊ ဆောင်လုပ်ရန် ကျန် သုံးလုံး၊ ရန်ကုန်တိုင်းဒေသကြီးတွင် ဆောင်လုပ်ပြီး ကိုးလုံး၊ ကရင်ပြည်နယ် တွင် ဆောက်လုပ်ပြီး တစ်လုံး၊ ဆောက်လုပ်ဆဲ တစ်လုံး၊ ပဲခူးတိုင်းဒေသကြီးတွင် ဆောက်လုပ်ဆဲ ငါးလုံး၊ တနင်္သာရီတိုင်းဒေသကြီးတွင် ဆောက်ပြီး တစ်လုံး၊ ဆောက်လုပ်ဆဲ နှစ်လုံး ရှိကြောင်း၊ တိုင်းဒေသ ကြီး နှင့် ပြည်နယ် ရှစ်ခုတို့တွင် ဆောက်လုပ်ပြီး Cyclone Shelter ၁၀၃ လုံး၊ ဆောက်လုပ်ဆဲ ၁၆ လုံး၊ ဆောက်လုပ်ရန် ကျန် ၉၁ လုံး — စုစုပေါင်း Cyclone Shelter အလုံး ၂၁၀ ရှိလာမည်ဖြစ် ကြောင်း သိရသည်။

ဒုတိယ ဝန်ကြီး ဦးစိုးအောင်က “လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေ; ဝန်ကြီးဌာန အနေနဲ့ ဘက်စုံသုံး Cyclone Shelter များကို သဘာဝဘေး ပိုမိုကျရောက်လွယ်သော နေရာများတွင် အဓိက ဦးစားပေး ပြည်သူများ ဘေးအန္တရာယ် ခိုလှုံရာ အဖြစ် အသုံးပြုနိုင်ရန် အမျိုးသားသဘာဝဘေး စီမံခန့်ခွဲမှုကော်မတီ ခွင့်ပြုချက် အရ ရန်ပုံငွေရရှိမှု အပေါ်တွင် မူတည်ပြီး ဆောက်လုပ်ပေးလျက်ရှိပါတယ်” ဟုလည်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.