Connect with us

Environment, Disasters & Accidents

မိုးသည်းထန်သဖြင့် ကော့သောင်းမြို့၌ မြေပြိုပြီး လူ ၅ဦးသေဆုံး

ကော့သောင်းမြို့၌ မြေပြိုကျမှုအား ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွတ်နေစဉ်(MOI)

ရန်ကုန်၊ ဇူလိုင် ၃၀ ရက် (ဆင်ဟွာ)

ကော့သောင်းမြို့တွင် မိုးသည်းထန်းစွာ အဆက်မပြတ်ရွာသွန်းသဖြင့် ယနေ့ နံနက် ၇ နာရီ ၄၅ မိနစ်က ကော့သောင်းမြို့၊ ပုလုံးတုံတုံးကျေးရွာ၊ စွယ်တော်လမ်း၊ ရှင်ကြီးမော်ပိုင်းတွင် တောင်စောင်းများပေါ်မှ မြေပြို မှုဖြစ်ပွားခဲ့ရာ တောင်ခြေရှိ နေအိမ်များပြိုပျက်ခဲ့ရပြီး လူများထိခိုက်သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာ နက ထုတ်ပြန်သော သတင်းအရ သိရသည်။

လေပြင်းများတိုက်ခတ်၍ မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းခဲ့ရာမှ ကော့သောင်းမြို့၊ ပုလုံးတုံတုံးကျေးရွာ၊ စွယ်တော်လမ်းဘေး ရှင်ကြီးမော်ပိုင်းတွင် အမြင့်ပေ (၁၅ဝ) ခန့်၊ အရှည်ပေ(၁ဝဝ)ဝန်းကျင်ခန့် တောင်စောင်းများပေါ်မှ မြေသားထုများပြိုကျကာ တောင်ခြေရှိ ကျေးလက်ပြည်သူမိသားစု အဆောက်အဦ (၅)လုံးပေါ် ပိမိသဖြင့် အမျိုးသား ၂ ဦး အမျိုးသမီး ၃ ဦး စုစုပေါင်း(၅)ဦးသေဆုံးပြီး အမျိုးသားတစ်ဦး ကော့သောင်းဆေးရုံတွင် အတွင်း လူနာအဖြစ် ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.