ရန်ကုန်၊ မေ ၁၁ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ် အတွင်း မေ ၉ ရက် ညနေ ၃ နာရီခွဲတွင် ကောင်းခါးကျေးရွာ၏ တောင်ဘက် မီတာ ၂ဝဝဝ ခန့်အကွာရှိ လိုဏ်ဂူတစ်ခုအတွင်းမှ လက်နက်၊ ခဲယမ်းများနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် အက်စစ်များ သိမ်းဆည်းရမိကြောင်း...
ရန်ကုန်၊ မေ ၁၁ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် ၁၅ ဦးနှင့် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် ရဲတပ်ကင်းစခန်းမှ လုံခြုံရေးတပ်ဖွဲ့ဝင် ၁၅ ဦးတို့သည် မိမိတို့နိုင်ငံအသီးသီးအတွင်းရှိ နယ်စပ်ခြံစည်းရိုးလမ်းအတိုင်း နှစ်နိုင်ငံနှစ်ဘက်ညှိနှိုင်း၍ မြေပြင်လှည့်ကင်းဆောင်ရွက်လျက်ရှိကြကြောင်း သတင်းထုတ်ပြန်ရေးကော်မတီက မေ ၁၀ရက်က ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ မေ ၁၀ ရက် (ဆင်ဟွာ) မျိုးဆက်ခြားကျန်းမာရေးဆိုင်ရာ ဆေးနှင့်ဆေးပစ္စည်းများ ပြတ်လပ်မှုမရှိဘဲ လုံလောက်စွာရရှိရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးနှင့် UNFPA မြန်မာနိုင်ငံဌာနေကိုယ်စားလှယ် Ms. Janet Elizabeth Jackson နှင့် အဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ မေ ၁၀ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်-မောင်တောဒေသ တည်ငြိမ်အေးချမ်းရေး ဆိုင်ရာကိစ္စများအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်နိုင်ငံ သံအမတ်ကြီးတို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ မေ ၁၀ ရက် (ဆင်ဟွာ) မုတ်သုံအဝင်ကာလများတွင် ဖြစ်ပေါ်တတ်သည့် မိုးလေဝသဖြစ်စဉ်များနှင့် ပတ်သက်၍ ကြိုတင်သတိပေးနှိုးဆော်ချက်အား မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်ခဲ့ သည်။
ရန်ကုန်၊ မေ ၁၀ ရက် (ဆင်ဟွာ) ၂၀၁၈ ခုနှစ်၊ မေလ ၅ ရက်မှ ၆ ရက်အထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တွင် ကျင်းပခဲ့သည့် (၄၅) ကြိမ်မြောက် အစ္စလာမ်မစ် ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ (အိုအိုင်စီ) နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၌ ထုတ်ပြန်ခဲ့သော ဒါကာကြေညာချက်အား မေ...
ရန်ကုန်၊ မေ ၁၀ ရက် (ဆင်ဟွာ) ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) ၏ (၁၆) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ အကောင်အထည်ဖော်မှု အခြေအနေများ ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်၊ မေ ၁၀ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၌ ဗုံးသီးဟောင်းပေါက်ကွဲမှုကြောင့် အမျိုးသား ၁ ဦးသေဆုံးမှုဖြစ်ပွားခဲ့ ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
နေပြည်တော်၊ မေလ ၉ ရက်( ဆင်ဟွာ) နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီဝင် ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ဝန်ကြီး ကျောက်ခဲ့ကျစ်အား မေလ ၉ ရက်နေ့က နေပြည်တော်၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရှိရသည်။
နေပြည်တော်၊ မေလ ၉ ရက် (ဆင်ဟွာ) နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီဝင် ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ဝန်ကြီး ကျောက်ခဲ့ကျစ် အား မေလ ၉ ရက်နေ့က နေပြည်တော်၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရှိရသည်။