Connect with us

Environment, Disasters & Accidents

မော်လမြိုင် – ဘုရားကြီး- ရန်ကုန် အဝေးပြေး လမ်းမကြီး ရေပြန်လည် ကျဆင်းလျက်ရှိ

ဘီးလင်းမြို့ ဗိုလ်တေဇ ရပ်ကွက် ရေလွှမ်းမိုး နေမှုအား တွေ့ ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဇူလိုင် ၃၀ ရက်(ဆင်ဟွာ)

မွန်ပြည်နယ် အတွင်း ရေကြီးရေလျှံမှုကြောင့် ယာယီ ပိတ်ထားခဲ့သည့် ထားဝယ်- မော်လမြိုင်-ဘုရားကြီး- ရန်ကုန် အဝေးပြေး လမ်းမကြီးသည် လက်ရှိ အခြေအနေတွင် ရေပြန်လည် ကျဆင်းနေပြီ ဖြစ်ကြောင်း မွန်ပြည်နယ် အစိုးရ အဖွဲ့ရုံး၏ ထုတ်ပြန်မှု အရ သိရသည်။

ထိုအဝေးပြေး လမ်းမကြီး ရေကျော်မှုဖြစ်ပွားသည့် နေရာများအား လမ်းတံတားပညာရှင်များနှင့် သက်ဆိုင်ရာ ဌာန ဆိုင်ရာများ စုဖွဲ့ပြီး လမ်းကြံခိုင်မှု အခြေအနေ၊ တံတားကြံခိုင်မှု အခြေအနေများနှင့် ယာဉ်ကြီး ၊ ယာဉ်လတ်၊ ယာဉ်ငယ်များ ဖြတ်သန်း သွားလာနိုင်မှု အခြေအနေများအား အန္တရာယ် ရှိ/မရှိ စစ်ဆေးကာ ဘေးအန္တရာယ် ကင်းရှင်းပြီ ဆိုပါက အမြန်ပြန်လည် ဖွင့်လှစ်မည်ဖြစ်ပြီး လမ်းပြန်လည်ဖွင့်လှစ်မည့် အခြေအနေအား အချိန်နှင့် တစ်ပြေးညီ ထုတ်ပြန် ကြေညာပေးမည် ဖြစ်ကြောင်း ဖော်ပြထားသည်။

မွန်ပြည်နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီး၊ ရေလျှံမှုများ ဖြစ်ပွားခြင်းကြောင့် ဇူလိုင် ၂၆ ရက်မှ စတင်၍ ဘုရားကြီး- မော်လမြိုင်- ထားဝယ်- ကော့သောင်း အဝေးပြေးလမ်းမကြီးအား ယာယီ ပိတ်ထားခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.