Connect with us

Environment, Disasters & Accidents

ရေကြီး၊ ရေလျှံမှုများဖြစ်ပွားပြီး လမ်းများ ပိတ်ထားရသဖြင့် ရန်ကုန်- မော်လမြိုင်- ရန်ကုန် လေကြောင်း ခရီးစဉ် ပြေးဆွဲပေးမည်

လမ်းရေကျော်မှုများ ဖြစ်ပေါ်လျက်ရှိသည့် ရန်ကုန်- စစ်တွေကားလမ်း၌ တပ်မတော်သားများ မော်တော်ယာဉ် လမ်းကြောင်း ပြသနေမှုအားတွေ့ရစဉ် (တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

ရန်ကုန်၊ ဇူလိုင် ၂၈ ရက် (ဆင်ဟွာ)

မွန်ပြည်နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြို့နယ်အချို့တွင် ရေကြီး၊ ရေလျှံမှုများဖြစ်ပွားပြီး လမ်းများ ပိတ်ထားရသဖြင့် Myanmar National Airline မှ ရန်ကုန်- မော်လမြိုင်- ရန်ကုန် လေကြောင်း ခရီးစဉ် ပြေးဆွဲပေးမည်ဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်.

လက်ရှိတွင် ရေကြီး၊ ရေလျှံမှုများဖြစ်ပွားနေပါ၍ ဘုရားကြီး- မော်လမြိုင်- ထားဝယ်- ကော့သောင်း အဝေးပြေးလမ်းမကြီးအား ယာယီပိတ်ထားခဲ့ရသဖြင့် လေကြောင်း ခရီးစဉ် ပြေးဆွဲခြင်း ဖြစ်ကြောင်း သိရသည်။

ခရီးသွားပြည်သူမှ လေယာဉ်လက်မှတ်များကို အောက်ဖော်ပြပါ လေယာဉ်လက်မှတ်အရောင်းဌာန၏ ဖုန်းနံပါတ်များသို့ ဆက်သွယ် ဝယ်ယူနိုင်ကြောင်းနှင့် ရန်ကုန်မှ မော်လမြိုင်မြို့သို့ လာရောက်မည့် ခရီးသွားမိဘပြည်သူများအနေဖြင့်လည်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ နေ့လယ် (၁၁း၃၀) နာရီအချိန်တွင် လေယာဉ်ထွက်ခွာမည်ဖြစ်ပါ၍ အဆိုပါ လေယာဉ်အရောင်းလက်မှတ်ဌာနများသို့ ဆက်သွယ်ဝယ်ယူနိုင်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့က ထုတ်ပြန်ထားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.