ရန်ကုန်၊ မေ ၄ ရက် (ဆင်ဟွာ) ရန်ကုန်-နေပြည်တော်အမြန်လမ်း၊မိုင်တိုင်အမှတ် ၁၀မိုင်၆ဖာလုံတွင် ယနေ့ နေ့လည် ၂နာရီ ၂၅မိနစ်တွင် လမ်းဘေး ချောက်ထဲသို့ ထိုးကျ၍ လူ ၄ဦး ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ မေ ၄ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်မြောက်ပိုင်း ပြည်ထောင်စုလမ်းမ ကြီးပေါ် ကွတ်ခိုင်နှင့် နမ့်ဖတ်ကာအကြားရှိ မိုင် ၂ဝ ရှည်သော ရှုခင်းသာတောင်ကြောလမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများသည် မေလအတွင်း ပြီးစီးမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ မေ ၄ ရက် (ဆင်ဟွာ) ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု ဝှေခါရွာတွင် ယနေ့ နံနက် ၃နာရီခွဲကျော်က မောက်တောင်တစ်ခုပြိုကျမှုကြောင့် လူသေဆုံးမှုများရှိနိုင်ကြောင်း ဖားကန့်မြို့နယ် ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ဆင်ဟွာသို့ပြောကြားသည်။
ရန်ကုန်၊ မေ ၄ ရက် (ဆင်ဟွာ) ဘေးအန္တရာယ် ကျရောက်သည့်အခါ ပြည်သူလူထုအား အချိန်နှင့်တစ်ပြေးညီ အရေးပေါ် ကျန်းမာရေး စောင့်ရှောက်မှု ပေးရန် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက မှာကြားခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ မေ ၄ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ မီးလောင်ပျက်စီးသွားသော မင်္ဂလာ ဈေးကြီးအား ယခုအခါ အဆင့်မြင့်မင်္ဂလာဈေးသစ်ကြီးအဖြစ် လပေါင်း ၃ဝ အတွင်း အပြီးအကောင်အထည်ဖော်တည်ဆောက် မည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
နေပြည်တော်၊ မေလ ၃ ရက် (ဆင်ဟွာ) စာကြည့်တိုက်များသည် သတင်း အချက်အလက်နှင့် ပညာရှာမှီးရန် အဓိက သော့ချက်ကျသော နေရာများ ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အရှေ့တောင် အာရှ (၁၇) ကြိမ်မြောက် စာကြည့်တိုက်မှူးများ ညီလာခံ အဖွင့် မိန့်ခွန်းတွင် ထည့်သွင်း...
ရန်ကုန်၊ မေ ၃ ရက် (ဆင်ဟွာ) တိုင်းဒေသကြီး နှင့် ပြည်နယ်အချို့တွင် နေရာစိပ်စိပ် နှင့် နေရာကျဲကျဲ မိုးရွာသွန်းနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ မေ ၃ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်တွင် ငွေကျပ် ၁,၁၃၄ သိန်းတန်ဖိုးရှိ ဘိန်းဆီခဲများ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ၏ မေလ ၃ ရက်နေ့တွင် သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။
ရန်ကုန်၊ မေ ၃ ရက် (ဆင်ဟွာ) ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအနေဖြင့်Foot Massage ,Oil Massage , Body Massage, ဟိုတယ်၊မိုတယ် နှင့် အနှိပ်ခန်းများ ဖွင့်လှစ်ထားခြင်းကို လုပ်ငန်းလိုင်စင်ဖြင့် တရားဝင်ခွင့်ပြုပေးခြင်း မရှိကြောင်း ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးက ပြောကြားသည်။
ရန်ကုန် ၊ မေ ၃ ရက်(ဆင်ဟွာ) ရှမ်းပြည်နယ်(လားရှိုး) ၊ မူဆယ်ခရိုင် ၊ နမ့်ခမ်း မြို့နယ် ၊ ကွမ်းလုံကျေးရွာနေရာ၌ တရားမဝင်သစ် ၃၅ တန် တင်ဆောင်ထားသော ၆ ဘီးယာဉ် ၃ စီးအား ဖမ်းဆီး ရမိခဲ့ကြောင်း သစ်တောဦးစီးဌာနထံမှ သိရသည်။