Connect with us

Politics, Law & Military

ပြည်သူ့လွှတ်တော်တွင် ဥပဒေကြမ်း ၂၃ ခုနှင့် အဆို ခုနစ်ခု ဆွေးနွေးမည်

ပြည်သူ့  လွှတ်တော် ဥက္ကဌ ဦးတီခွန်မြတ်အားတွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇူလိုင် ၂၃ ရက် (ဆင်ဟွာ)

ဒုတိယအကြိမ် ပြည်သူ့ လွှတ်တော် နဝမ ပုံမှန်အစည်းအဝေးတွင် အခွန် အယူခံခွင့် ဥပဒေကြမ်း အပါအဝင် ဥပဒေကြမ်း ၂၃ ခုနှင့် အဆို ခုနစ်ခုတို့ကို ဆွေးနွေးသွားမည်ဟု ပြည်သူ့ လွှတ်တော် ဥက္ကဌ ဦးတီခွန်မြတ်က ယနေ့ ပြောကြားခဲ့သည်။

“အစည်းအဝေးကာလ အတွင်းမှာ ဆွေးနွေးကြရမယ့် ဥပဒေကြမ်းများအနေနဲ့ ၂၃ ခုရှိပါတယ်၊ အဆို များ အနေနဲ့ အဋ္ဌမပုံမှန် အစည်းအဝေးမှာ တင်သွင်းခဲ့ပြီး ဆွေးနွေးရန် ကျန်အဆို လေးခုနဲ့ အသင့်ဖြစ် အဆို သုံးခုနဲ့ ဆွေးနွေးရန် အဆို စုစုပေါင်း ခုနစ်ခုဖြစ်ပါတယ်၊ မေးခွန်းများအနေနဲ့ အဋ္ဌမပုံမှန် အစည်း အဝေးမှ နဝမပုံမှန် အစည်း အဝေးသို့ ပြောင်းရွေ့တင်ပြ မေးခွန်း ၁၃၇ ခု အပါအဝင် အသင့်ဖြစ် ကြယ်ပွင့်ပြ မေးခွန်း ၁၅၆ ခု ရှိပါကြောင်း အသိပေးတင်ပြအပ်ပါတယ်” ဟု ၎င်းက ပြောခဲ့သည်။

ထို့အပြင် ၎င်းက “ယနေ့ကာလဟာ ထာဝရငြိမ်းချမ်းရေးရရှိဖို့အတွက် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (၂၁)ရာစုပင်လုံကို အလေးထား ဆောင်ရွက်နေတဲ့ ကာလ ဖြစ်ပါတယ်၊ ဒါကြောင့် နိုင်ငံတော်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အဆင့်ဆင့် ချမှတ်၍အားသွန်ခွန်စိုက် ဆောင်ရွက်နေသလို အမျိုးသားပြန်လည် သင့်မြတ်ရေး လုပ်ငန်းများမှာ အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင်အစုအဖွဲ့နဲ့ နိုင်ငံရေးပါတီအစုအဖွဲ့တွေရဲ့ တင်ပြချက်တွေကို အခြေခံပြီးထွက်ပေါ်လာတဲ့ သဘောတူညီချက်များမှတစ်ဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ဆက်လက် လုပ်ဆောင်ကြရာမှာ မိမိတို့ ကိုယ်စားလှယ်များမှ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်” ဟုလည်း ပြောခဲ့သည်။

တတိယ အကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမစတင်မီ ဇူလိုင်လ (၁၀)ရက်နေ့၌ ပြည်သူ့ လွှတ်တော် ဥက္ကဌနှင့်အတူ ပြည်သူ့ လွှတ်တော် ဒုတိယဥက္ကဌတို့ နှစ်ဦးက ဦးစီး၍ ညီလာခံတက် ရောက်ကြမည့် ပြည်သူ့လွှတ်တော် ကော်မတီ ဥက္ကဌများနှင့် လွှတ်တော် နှစ်ရပ်မှ ကိုယ်စားလှယ်များ ကို တွေ့ဆုံပြီး စနစ်တကျဖြင့် ထိရောက်စွာ ဆွေးနွေးနိုင်စေရန် ဆွေးနွေးသည့် အစုအဖွဲ့ ငါးဖွဲ့ကို တာဝန် ပေးအပ်မှုများ ဆောင်ရွက်ခဲ့ကြောင်း၊ ထိုအဖွဲ့များတွင် ပါတီစုံနှင့် တိုင်းရင်းသားအဖွဲ့များမှ ကိုယ်စား လှယ်များ ပါဝင်နိုင်ရန် ဖွဲ့စည်းခဲ့ ခြင်းဖြစ်ကြောင်း၊ ညီလာခံကာလ တစ်လျှောက်လုံး လွှတ်တော် ကိုယ်စား လှယ်များက အားကောင်းမောင်းသန်စွာ ပါဝင်ဆွေးနွေးခဲ့သည်ကို တွေ့ရှိရကြောင်း၊ ထာဝရငြိမ်းချမ်းရေးကို ရရှိရန်အတွက် မိမိတို့ လွှတ်တေ်ာ ကိုယ်စားလှယ်များက ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရမှာ ဖြစ်ကြောင်း၊ ပြည်သူ့အသံကို ထင်ဟပ်စေသော လွှတ်တော်သည် ပြည်သူများ အားကိုးထိုက်သည့် ဥပဒေပြု မဏ္ဍိုင်ကြီးဖြစ်ရန် လွှတ်တော်ကိုယ်စားလှယ်များ၏ အခန်းကဏ္ဍနှင့် ဥပဒေပြု မဏ္ဍိုင်တွေကို ကျွမ်းကျင် ပိုင်နိုင်စွာ ဆောင်ရွက်နိုင်ကြရန် လိုအပ်ကြောင်း၊ မိမိတို့ လွှတ်တော်က အတည်ပြုပြဋ္ဌာန်းလိုက်သော ဥပဒေ များသည်ပြည်သူများ၏ ကိုယ်လုံခြုံမှု စိတ် လုံခြုံမှုကို ကာကွယ်မြင့်တင်ပေးနိုင်သော ဥပဒေများ ဖြစ်ဖို့ လိုအပ်ကြောင်း၊ မိမိတို့ပြည်သူ့ ကိုယ်စား လှယ်များ စွမ်းဆောင်ရည်မြင့်မားပါမှ နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျုးိစီးပွားများကို ပိုမိုထိ ရောက်စွာ သယ်ပိုး ဆောင်နှင်းပေးနိုင်မှာဖြစ်သည့်အတွက် မိမိတို့ စွမ်းဆောင်ရည်မြင့်မားရေးအတွက် အမြဲအားထုတ်ကြိုးပမ်းကြစေလိုကြောင်းလည်း လွှတ်တော် ဥက္ကဌက တိုက်တွန်းပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.