Connect with us

Politics, Law & Military

နားလည်မှုစာခွျှန်လွှာ အကောင်အထည်ဖော်ရေးလုပ်ငန်းအဖွဲ့ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် နှင့် မောင်တောမြို့နယ်များသို့ ပထမအကြိမ် လေ့လာ

မောင်တောမြို့ဝင် ဆိုင်းဘုတ်အားတွေ့ရစဉ်(MOI)

ရန်ကုန်၊ ဇူလိုင် ၂၄ ရက်(ဆင်ဟွာ)

နားလည်မှုစာခွျှန်လွှာ အကောင်အထည်ဖော်ရေးလုပ်ငန်းအဖွဲ့သည် ရခိုင်ပြည်နယ်၊ ဘူးသီးတောင် နှင့် မောင်တောမြို့နယ်များသို့ ပထမအကြိမ် ကွင်းဆင်းလေ့လာခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးက ထုတ်ပြန်သောသတင်းအရ သိရသည်။

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၊ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်(UNDP) နှင့် ကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာကော်မရှင်ရုံး (UNHCR)တို့အကြား လက်မှတ်ရေးထိုးခဲ့သည့် နားလည်မှုစာချွန်လွှာ အား ထိရောက်စွာအကောင်အထည်ဖော်နိုင်ရေးအတွက် အကောင်အထည်ဖော်ရေးလုပ်ငန်းအဖွဲ့Technical Working Group(TWG)သည် ဇူလိုင်လ ၂၁ ရက်နေ့မှ ၂၃ ရက် အထိ ရခိုင်ပြည်နယ် ဘူးသီးတောင် နှင့် မောင်တောမြို့နယ်များအတွင်း အလားအလာ ရှိသော စီမံကိန်းတည်နေရာများသို့ သွားရောက် ကွင်းဆင်းလေ့လာခဲ့သည်။

အဆိုပါ ခရီးစဉ်တွင် TWG အဖွဲ့ဝင်များဖြစ်သည့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ် ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံးတို့မှ တာဝန် ရှိသူများ၊ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်(UNDP) နှင့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာ မင်းကြီးရုံး(UNCHR)တို့မှ ကိုယ်စားလှယ်များ ပါဝင်ခဲ့ကြောင်း သိရသည်။

ယင်း ခရီးစဉ်အတွင်း TWG အဖွဲ့မှ ဘူးသီးတောင် နှင့် မောင်တောမြို့နယ်များရှိ ကကျက်ဘက် ကံပြင်၊ တပ်ရာ၊ စေတီတောင်၊ ဒပြုချောင်း၊ အင်ကြင်းမြိုင်၊ ငါးခူရ၊ ညောင်ချောင်း၊ ရွှေရင်အေး ကျေးရွာအုပ်စုများသို့ သွားရောက်ခဲ့ပြီး ဒေသခံပြည်သူများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။(Xinhua)