ရန်ကုန်၊ ဇွန် ၉ ရက် (ဆင်ဟွာ) အာဆီယံ ယူ-၁၉ ပြိုင်ပွဲအတွက် လေ့ကျင့်ပြင်ဆင်လျက်ရှိသော မြန်မာ့လက်ရွေးစင် ယူ-၁၉ ဘောလုံးအသင်းသည် စင်ကာပူနိုင်ငံသို့ သွားရောက်၍ Albirex Niigata အသင်းနှင့် ပူးတွဲလေ့ကျင့်မှုများပြုလုပ်ကာ စင်ကာပူ ယူ-၂၃ ဘောလုံးအသင်းနှင့်ခြေစမ်းပွဲယှဉ်ပြိုင် ကစားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဇွန် ၉ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး၊ မြို့လှမြို့ ၏ အရှေ့မြောက်ဘက် (၇) မိုင်ခန့်အကွာမြောက်လတ္တီတွဒ် (၁၉.၄၄) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၃၇) ဒီဂရီ၊ အနက်(၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၃) အဆင့်ရှိ အင်အား အနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသ...
ရန်ကုန်၊ ဇွန် ၉ ရက် (ဆင်ဟွာ) မန္တလေး-ပုဂံ အစုန်ရထား စက်ခေါင်းတွဲချော်မှု ဖြစ်ပွားခဲ့သော်လည်း ခရီးသည်တွဲများ ထိခိုက်မှုမရှိကြောင်း သိရသည်။
ရန်ကုန်၊ ဇွန် ၉ ရက် (ဆင်ဟွာ) ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိ နေပြီး၊ အဆိုပါလေဖိအားနည်း ရပ်ဝန်းသည် ပိုမိုအားကောင်းလာကာ နောက်(၄၈)နာရီအတွင်း မုန်တိုင်းငယ် (Depression)အဖြစ်သို့ ရောက်ရှိလာနိုင်ကြောင်း မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဇွန် ၈ ရက် (ဆင်ဟွာ) မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) ခရီးစဉ်အမှတ် UB001 ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ စင်ကာပူ ချန်ဂီ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပျံသန်းစဉ် အမြင့်ပေ ၃၇,၀၀၀ တွင် ပျံသန်းနေရာမှ အမြင့်ပေ ၂၅,၀၀၀ သို့လျင်မြန်စွာဆင်းသက်ခဲ့ရမှုဖြစ်စဉ်တွင် ခရီးသည်များကိုလည်းစိုးရိမ်မှု ကို ဖြစ်စေသဖြင့် MNA...
ရန်ကုန်၊ ဇွန် ၈ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်အရေးကိစ္စအပါအဝင် အမျိုးသားလုံခြုံရေးနှင့် နိုင်ငံတကာဆက်ဆံရေးအခြေအနေ များ နှင့်စပ်လျဉ်းသည့် အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော် ဧည့်ခန်းမဆောင်၌ ကျင်းပခဲ့ကြောင်း နိုင်ငံတော် သမ္မတရုံးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သည်။
ရန်ကုန်၊ ဇွန် ၈ ရက် (ဆင်ဟွာ) ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် ဦးဆောင်သောအဖွဲ့နှင့် Facebook မှ Vice President Mr. Simon Milner နှင့် အဖွဲ့တို့သည် ဇွန်လ (၅)ရက်နေ့က တွေ့ဆုံဆွေးနွေးမှုအား ယနေ့ ပြည်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်မှု ပြုလုပ်လိုက်ကြောင်း သိရသည်။
ရန်ကုန်၊ ဇွန် ၈ ရက် (ဆင်ဟွာ) ၂၀၁၈ ခုနှစ်၊ ဇွန်လ ဒုတိယ(၁၀)ရက်ပတ်တွင် ဘင်္ဂလားပင်လယ်အော်၌ လေဖိအားနည်းရပ်ဝန်း (၁)ကြိမ် ဖြစ်ပေါ်နိုင်ပြီး၊ ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဇွန် ၈ ရက် (ဆင်ဟွာ) အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန(FDA)တွင် ကျန်းမာရေးထောက်ခံချက်ရယူထားခြင်း မရှိဘဲ ဖြည့်စွက်စာများအား ပြည်တွင်းဈေးကွက်၌ ဖြန့်ဖြူးရောင်းချခဲ့သည့် ကုမ္ပဏီများမှ တာဝန်ရှိသူများကို အရေးယူထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဇွန် ၈ ရက် (ဆင်ဟွာ) မကွေးတိုင်းဒေသကြီး၊ ဆောမြို့နယ်၌ သီးကုန်းကျေးရွာအနီး ချောင်းအတွင်းဖြတ်ကူးသူ ၇ ဦး ဖြတ်ကူးနေစဉ် ချောင်းအတွင်း မျောပါသွား ၍ တစ်ဦးအားပြန်လည်တွေ့ ရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။