Connect with us

Politics, Law & Military

ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ် အား အခြေခံသည့် ပြည်ထောင်စုပေါ်ပေါက်လာရန် လက်နက်ကိုင် လမ်းစဉ်များ ချုပ်ငြိမ်းသွားရန် ပထမဦးစားပေးဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပြောကြား

နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အားတွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော် ၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)

ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ် အား အခြေခံသည့် ပြည်ထောင်စုပေါ်ပေါက်လာရန် လက်နက်ကိုင် လမ်းစဉ်များ ချုပ်ငြိမ်းသွားရန် ပထမဦးစားပေးဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ တစ်နိုင်ငံလုံးငြိမ်းချမ်းရေးရရှိလာချိန်တွင် ရှေ့ဆက်ဆောင်ရွက် ရမည့် လုပ်ငန်းများအား ဒီမိုကရေစီနည်းလမ်းတကျ ဆွေးနွေးညှိနှိုင်း အကောင်အထည်ဖော်ဆောင်ရွက်သွားရန်လိုအပ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ပင်လုံ တတိယအစည်းအဝေး တွင် ပြောကြားခဲ့သည်။

တိုင်းပြည်၏ အားသည် ပြည်တွင်း တွင်သာရှိကြောင်း၊ မြန်မာနိုင်ငံသားတွေအားလုံးတွင် တာဝန်ရှိကြောင်း၊ ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုးအား တစ်ကယ်ချစ်ပါက နိုင်ငံ ၏ တိုးတက်မှု လမ်းကြောင်းတွင် အဟန့်အတားဖြစ်နေသည့် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခကို အချိန်မဆိုင်းဘဲဖယ်ရှားပစ်ရန် စိတ်ရင်းစေတနာအမှန်နှင့် ဆက်လက်ဆောင်ရွက်သွားကြရန် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုက်တွန်းပြောကြားခဲ့သည်။

“သက္ကရာဇ် ၄၇၄ ခုနှစ်မှာ ရေးထိုးခဲ့တဲ့ မြစေတီကျောက်စာမှာ ဘာသာစကား ၄ မျိုးနဲ့ ရေးထိုးထားရာမှာ ပါဠိအပြင် ပျူ၊ မွန်၊ မြန်မာစတဲ့ တိုင်းရင်း သားဘာသာစကားတွေ ပေါင်းစည်းထားခြင်းဟာ ပထမမြန်မာနိုင်ငံ လက်ထက်ကတည်းက ကျွန်တော်တို့ နိုင်ငံဟာ ပြည်ထောင်စုနိုင်ငံအသွင်နဲ့ ရပ်တည်ခဲ့တယ်ဆိုတာ ထင်ရှားနေပါတယ်။’’ ဗိုလ်ချုပ်မှူးကြီးက သမိုင်းကြောင်း အားထောက်ပြခဲ့သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “NCA ဟာ အမည်နာမအားဖြင့်သာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် ဖြစ်ပါတယ်။ အနှစ်သာရအားဖြင့် ဒီထက်ပိုမိုနက်ရှိုင်းကျယ်ပြန့်ပါတယ်။ စာချုပ်ရဲ့အခြေခံမူ ပထမအချက်မှာပဲ ဒီနေ့တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများသာမက အခြားတိုင်းရင်းသားအဖွဲ့အစည်းတွေ တောင်းဆို နေတဲ့ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကိုအခြေခံတဲ့ ပြည်ထောင်စုကိုတည်ဆောက်မယ်လို့ သဘောတူ သတ်မှတ်ခဲ့ပြီးဖြစ်ပါတယ်။’’ ပြောကြားခဲ့သည်။

ကိုယ်စားလှယ်များအနေ နှင့် တွေ့ဆုံဆွေးနွေးမှုအား ရေရှည်ငြိမ်းချမ်းရေး တည်တံ့ခိုင်မြဲရေးရလဒ်ရသည်အထိ ဆက်တိုက်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ရလဒ်မထွက်မီ ဆွေးနွေးမှုရပ်နားပြီးနောက် အခြေအနေပြောင်းလဲမှုများ မကြာခဏတွေ့ရသည့် အတွက် ရလဒ်ထွက်သည်အထိ ဆွေးနွေးရန် တိုက်တွန်းရခြင်းဖြစ်ကြောင်း ဆိုသည်။

လုပ်ငန်းစဉ်များအား စဉ်ဆက်မပြတ် တစ်ဆက်တည်းဆောင်ရွက်သွားပြီး ၂၀၂၀ ပြည့်နှစ်တွင် ကျင်းပပြုလုပ်မည့် ဒုတိယအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ အစည်းအဝေးတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ပြီးပြတ်စေရေးဆောင်ရွက် သွားရန် လိုအပ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ အလေးထား တိုက်တွန်းပြောကြာခဲ့သည်။

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံ ပထမ အစည်းအဝေးအား ၂၀၁၆ ခုနှစ် သြဂုတ်လ ၃၁ ရက် မှ စက်တင်ဘာလ ၃ ရက် အထိ ကျင်းပ ပြုလုပ်ခဲ့ပြီး ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ -၂၁ ရာစု ပင်လုံ ဒုတိယ အစည်းအဝေးအား ၂၀၁၇ ခုနှစ် မေလ ၂၄ ရက်မှ ၂၉ ရက် အထိ ကျင်းပခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.