Connect with us

Politics, Law & Military

မိုးမောက်မြို့နယ်တွင် ငွေကျပ် ၁,၁၄၀ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား များ ဖမ်းဆီးရမိ


ရန်ကုန်၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်တွင် ငွေကျပ် ၁,၁၄၀ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား များ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ဇူလိုင် ၁၀ ရက်နေ့ ၁၂း၀၀ နာရီ အချိန် မူးယစ်တပ်ဖွဲ့စု(၁)ဗန်းမော်မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မိုးမောက်မြို့နယ်၊ ကျောက်စခန်းပူးပေါင်းစစ်ဆေးရေးစခန်း၌ TOYOTA COROLLA မော်တော်ယာဉ်တစ်စီးကိုဆွဲလာသည့်မော်တော်ယာဉ်တစ်စီးနှင့်အတူ ရောက်ရှိလာ၍ ရှာဖွေရာ မဂျာဖာ၊ မကော့ရှောင်နှင့် ၎င်း၏ကလေးနှစ်ဦးတို့လိုက်ပါလာသည့် TOYOTA COROLLA မော်တော်ယာဉ်၏ဒက်ရှ်ဘုတ်အံဝှက်အတွင်းမှ မူးယစ်ဆေးဝါးများတွေ့ရှိ၍ အသေးစိတ်ရှာဖွေရန်အတွက် မူးယစ်တပ်ဖွဲ့စု(၁)ဗန်းမော်ရုံးသို့ ခေါ်ဆောင်လာစဉ် ၁၃း၀၀ နာရီ အချိန် TOYOTA COROLLA ယာဉ်ကို မောင်းနှင်လာခဲ့သည့် ယာဉ်မောင်းဖြစ်သူ မဂျီးပါ(ခ)မရွယ်နူးသည် TOYOTA CROWN မော်တော်ယာဉ် မောင်းနှင်လျက် ဗန်းမော်မြို့အဝင်သို့ရောက်ရှိလာသဖြင့် ပူးပေါင်းအဖွဲ့မှ မော်တော်ယာဉ်များကိုထိန်းသိမ်း၍ ဆက်လက်ခေါ်ဆောင်ခဲ့ရာ ၁၄း၀၀နာရီ အချိန် မူးယစ်တပ်ဖွဲ့စု(၁)ဗန်းမော်ရုံးသို့ ရောက်ရှိခဲ့ပြီး ရှာဖွေရာ TOYOTA COROLLA ယာဉ်၏ဒက်ရှ်ဘုတ်အံဝှက်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၉,၀၀၀ ပြား၊ မော်တော်ယာဉ်၏ နောက်ခန်းရှိယာဉ်၏အပိုဘီးအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၅၇,၀၀၀ ပြား (စုစုပေါင်း စိတ်ကြွရူးသွပ်ဆေးပြား ၇၆,၀၀၀ ပြား)နှင့် လက်ကိုင်ဖုန်းနှစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် မဂျီးပါ(ခ) မရွယ်နူး(၃၀)နှစ်၊ မဂျာဖာ(၅၃)နှစ်နှင့် မကော့ရှောင်(၃၃)နှစ်တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.