ရန်ကုန်၊ ဧပြီ ၁၀ ရက် (ဆင်ဟွာ) မွန်ပြည်နယ် ရေးမြို့နယ် မြောက်ပိုင်းဒေသရှိ ကျေးရွာ ၂ဝ ခန့်တွင် လျှပ်စစ်မီး စတင်ဖြန့်ဖြူးပေးနေကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန် ၊ ဧပြီ ၁၀ ရက်(ဆင်ဟွာ) ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည် ပုဂံဘုရားစေတီများ အနက် ၃ဝ၂ ဆူ ပြုပြင် ပြီးစီးကာ ရာခိုင်နှုန်း အားဖြင့် ၈၀ ရာခိုင်နှုန်းခန့်ပြုပြင်ပြီးစီးခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနမှ ထုတ်ပြန်သော သတင်း အရ သိရသည်။
ရန်ကုန်၊ ဧပြီ ၁၀ ရက် (ဆင်ဟွာ) ယခုနှစ် မဟာသြင်္ကန်ပွဲတော်ရက်များအတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လမ်းများ လွှဲပြောင်းခြင်းနှင့် ပိတ်ခြင်းများ ပြုလုပ်မည် မဟုတ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
ရန်ကုန်၊ ဧပြီ ၁၀ ရက် (ဆင်ဟွာ) ၁၃၇၉ ခုနှစ်မြန်မာ့ရိုးရာ မဟာသြင်္ကန်ပွဲတော်ကို ရန်ကုန်တိုင်းဒေသကြီး လမ်းလျှောက်သြင်္ကန်ကို နေရာသုံးခုတွင် စည်စည်ကားကား ကျင်းပသွားရန် ပြင်ဆင်မှုများ စတင်ဆောင်ရွက်နေပြီဖြစ် ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော်မတီ အင်ဂျင်နီယာနှင့် လမ်းတံတားဌာနထံမှ သိရသည်။
ရန်ကုန်၊ ဧပြီ ၁၀ ရက် (ဆင်ဟွာ) ကန့်ဘလူမြို့နယ်မှ ချပ်သင်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော အတွင်း ၂ဝ၁၇- ၂ဝ၁၈ ဘဏ္ဍာနှစ်အတွက် မြန်မာ့ရွှေသမင် ကောင်ရေစာရင်းကို မတ် ၂၈ ရက်မှ ၃ဝ ရက်အထိ ကွင်းဆင်း ကောက်ယူခဲ့ရာ သမင်ကောင်ရေ ၈၈၉ ကောင် စာရင်းကောက် ယူရရှိခဲ့ပြီး ၂ဝ၁၇...
ရန်ကုန်၊ ဧပြီ ၉ ရက် (ဆင်ဟွာ) ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၁၂၃/၆)နှင့် (၁၂၃/၇) ကြားတွင် သစ်တင်ယာဉ်နှင့် ခရီးသည်တင်ယာဉ်တို့ တိုက်မိပြီး၂ဦးသေဆုံး၊ ၁၁ဦး ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်သော သတင်းအရ သိရသည်။
နေပြည်တော်၊ ဧပြီ ၉ ရက် (ဆင်ဟွာ) ၂၀၁၈ ခုနှစ် မတ်လ ၃၀ ရက်နေ့၌ ထိုင်းနိုင်ငံတွင် ဖြစ်ပွားခဲ့သော ယာဉ် မတော်တဆမှုကြောင့် သေဆုံးခဲ့သော မြန်မာလုပ်သား ၂၀ ဦးတို့အတွက် နစ်နာကြေး များပေးအပ်ပွဲကို နေပြည်တော် အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာနတွင်...
ရန်ကုန် ၊ ဧပြီ ၉ ရက်(ဆင်ဟွာ) မြန်မာ-ထိုင်း ရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲတွင် ပွဲစဉ် ၈ ပွဲ အနက် မြန်မာ နှင့် ထိုင်း ပွဲစဉ် သုံးပွဲ ပါဝင် ယှဉ်ပြိုင် ထိုးသတ်ခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဧပြီ ၉ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် နိဒင်ကျေးရွာ IDPစခန်း ဖျက်သိမ်းရေး နှင့် ပြန်လည်နေရာချထားရေးများ ကို တာဝန်ရှိသူများနှင့် စခန်းတွင်းနေထိုင်သူများ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန် ၊ ဧပြီ ၉ ရက်(ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး စဉ့်ကူးမြို့အနီး အင်အား ရစ်(ခ်)တာစကေး ၄.၉ အဆင့်ရှိ အင်အား အနည်းငယ် ရှိသော မြေငလျင် လှုပ်ခတ်ခဲ့ပြီး အနီးတစ်ဝိုက်ရှိ မြို့များမှ သိရှိ ခံစားမိခဲ့ကြောင်း မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန ၊...