Connect with us

Politics, Law & Military

မြန်မာနိုင်ငံနှင့် ICRC တို့အကြား ပူးပေါင်းဆောင်ရွက်နေသည့် ကိစ္စရပ်များနှင့် တိုးတက်မှုများ ဆွေးနွေး

ဒေါ်အောင်ဆန်းစုကြည်နှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ (ICRC) ဥက္ကဋ္ဌတို့ တွေ့ဆုံဆွေးနွေးစဉ်(နိုင်ငံခြားရေးဝန်ကြီးဌာန)

ရန်ကုန်၊ ဇွန် ၂၉ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံနှင့် ICRC တို့အကြား ပူးပေါင်းဆောင်ရွက်နေသည့် ကိစ္စရပ်များနှင့် တိုးတက်မှုများအား နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ (ICRC) ဥက္ကဋ္ဌ တို့ ယနေ့ တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ တွေ့ဆုံစဉ် ရခိုင်ပြည်နယ်အတွင်း ICRC မှ ဆောင်ရွက်နေသည့် အရေးပေါ်အခြေအနေကို တုံ့ပြန်မှုအဖြစ် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပံ့ပိုးပေးနေသည့် အဆင့်မှ သက်ဆိုင်ရာ အသိုက်အဝန်းများအတွင်း ရေရှည်လူမှုစီးပွားဖွံ့ဖြိုးရေးအတွက် ကိုယ်ပိုင်ဝင်ငွေရရှိစေမည့် လုပ်ငန်းငယ်များ ဖန်တီးပေးခြင်းတို့ဖြင့် ဖွံ့ဖြိုးရေးသို့ ဦးတည်သည့် ကူညီပံ့ပိုးမှုများ ပေးအပ်သည့်အဆင့်သို့ အသွင်ကူးပြောင်းသွားရေးကိစ္စရပ်များနှင့်ပတ်သက်ပြီး အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြောင်း သိရသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ (ICRC) ဥက္ကဋ္ဌ Mr.Peter Maurer ဦးဆောင်သောကိုယ်စားလှယ် အဖွဲ့အား ယနေ့ ၁၀၀၀ နာရီအချိန်တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.