Connect with us

Politics, Law & Military

လမ်း/တံတားအသုံးပြုခ ကင်းလွတ်ခွင့်ကတ်ပြား အတုများကို ဖော်ထုတ်ဖမ်းဆီးအရေးယူ

ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော ကြောညာချက်အား တွေ့ရစဉ်(ဆောက်လုပ်ရေးဝန်ကြီး)

ရန်ကုန်၊ ဇွန် ၂၈ ရက် (ဆင်ဟွာ)

ဆောက်လုပ်ရေးဝန်ကြီးဌာန၊လမ်းဦးစီးဌာန(ရုံးချုပ်)နေပြည်တော်မှ ထုတ်ပေးထားသော လမ်း/တံတား အသုံးပြုခ ကင်းလွတ်ခွင့်ကတ်ပြား အတုများပြုလုပ်နေသဖြင့် ကင်းလွတ်ခွင့်ကတ်ပြား အတုများကို ဖော်ထုတ်ဖမ်းဆီးအရေးယူလျက်ရှိကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော ကြောညာချက်အရ သိရသည်။

လမ်းဦးစီးဌာန(ရုံးချုပ်)နေပြည်တော်မှ ထုတ်ပေးထားခြင်းမရှိသော လမ်း/တံတား အသုံးပြုခ ကင်းလွတ်ခွင့်ကတ်ပြား အတုများကို ကိုင်ဆောင်အသုံးမပြုကြရန်နှင့် ကင်းလွတ်ခွင့်ကတ်ပြား အတုများ ကိုင်ဆောင်အသုံးပြုပါက ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.