မန္တလေး၊ မတ်လ ၂၉ရက် (ဆင်ဟွာ) နိုင်ငံခြားသားများအား မိုးကုတ်ရတနာမြေ ဒေသသို့ ဝင်ခွင့်ရှိရေးအတွက် သမ္မတထံ ဆက်လက် တင်ပြပြီး ဆောင်ရွက်သွားမည်ဟု မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က ဆင်ဟွာကို ပြောကြားခဲ့သည်။
ရန်ကုန်၊ မတ် ၂၉ ရက် (ဆင်ဟွာ) နေပြည်တော်လေဆိပ်၌ ဘန်ကောက်လေကြောင်းလိုင်းမှ ART-72 လေယာဉ် တစ်စီး မတ်လ ၂၇ ရက် ညက ဆိုက်ရောက်အပြီး တွင် စက်ချို့ယွင်း၍ ညအိပ်ရပ်နား မှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ သတင်းထုတ်ပြန်ခဲ့သည်။
နေပြည်တော် ၊ မတ် ၂၈ ရက်(ဆင်ဟွာ) ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ တာဝန် ထမ်းဆောင်ခဲ့သော ဦးဝင်းမြင့်သည် မြန်မာနိုင်ငံ၏ ၁၀ ဦးမြောက် နိုင်ငံတော် သမ္မတအဖြစ် မတ်လ ၂၈ ရက်တွင် ပြုလုပ်သော နိုင်ငံတော် သမ္မတရွေးချယ် တင်မြှောက်ပွဲမှ ရွေးကောက်ခံခဲ့ရပြီ ဖြစ်သည်။
ရန်ကုန်၊ မတ် ၂၈ ရက် (ဆင်ဟွာ) ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၌ မတ် ၂၇ ရက်နေ့တွင် မြေစာနှင့်ကျောက်ခဲများ ပြိုကျမှုကြာင့် တစ်ဦးသေဆုံးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ မတ် ၂၈ ရက် (ဆင်ဟွာ) ရွှေတောင်မြို့နယ် မီးလောင်ကျေးရွာ မင်္ဂလာရုံကျောင်းဝင်းအတွင်းရှိ ခြုံနွယ်အတွင်း မတ် ၂၇ ရက်နေ့၌ ရှေးဟောင်း ရုပ်ပွားတော်နှင့် စေတီတော် ၁၂၇ ဆူ တွေ့ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ မတ် ၂၈ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် ငွေကျပ် ၃,၅၂၈ သိန်း တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။
ရန်ကုန်၊ မတ် ၂၈ ရက် (ဆင်ဟွာ) ၂၀၁၈ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီး၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းကို ကန့်ကွက်သူမရှိသည့်အတွက် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှ အတည်ပြုလိုက်ကြောင်း သိရသည်။
ရန်ကုန်၊ မတ် ၂၈ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၌ ဒိုင်နာယာဉ် တိမ်းမှောက်မှုကြောင့် ၁၃ ဦး ဒဏ်ရာရရှိမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
နေပြည်တော် ၊ မတ် ၂၈ ရက်(ဆင်ဟွာ) နိုင်ငံတော် သမ္မတ ရာထူးနေရာ အတွက် ဦးဝင်းမြင့်အား ရွေးချယ် တင်မြှောက်လိုက်ကြောင်း ပြည်ထောင်စု လွှတ်တော် နာယက ဦးမန်းဝင်းခိုင်သန်းက ယနေ့ ပြုလုပ်သော နိုင်ငံတော် သမ္မတ ရွေးချယ် တင်မြှောက်ပွဲတွင် ကြေညာခဲ့သည်။
နေပြည်တော် ၊ မတ် ၂၈ ရက်(ဆင်ဟွာ) နိုင်ငံတော် သမ္မတ အဖြစ် ဦးဝင်းမြင့်အား ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် အားလုံး ပါဝင်သော နိုင်ငံတော် သမ္မတ ရွေးချယ် တင်မြှောက်ရေး အဖွဲ့က ဆန္ဒမဲ အရေအတွက် အများဆုံး ၄၀၃ မဲဖြင့် ရွေးချယ် တင်မြှောက်လိုက်သည်။(Xinhua)