Connect with us

Science & Technology

လျှပ်စစ်မီးမရှိသော ဒေသများ၌ မီးရရှိရန်အတွက် အမေရိကန် ဒေါ်လာ ၅ ဘီလီယံခန့် လိုအပ်

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန အကြံပေးဝန်ဆောင်မှု စာချုပ်တစ်ခုနှင့် ပစ္စည်းဝယ်ယူရေး စာချုပ်ဆို နေစဉ်(ဓာတ်ပုံ- MOI)

ရန်ကုန်၊ ဇွန် ၈ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံရှိ လျှပ်စစ်မီးမရရှိသေးသည့် ဒေသများကို လျှပ်စစ် ဓာတ်အား ဆက်သွယ်ပေးရန် ဓာတ်အားလိုင်းနှင့် ထရန်စဖော်မာ၊ ထရန်စဖော်မာခွဲရုံများ တည်ဆောက်ရန် အမေရိကန် ဒေါ်လာ ၅ ဒသမ ၈ ဘီလီယံခန့် လိုအပ်မည်ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောကြားသည်။

၂၀၃၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံအတွင်းရှိ နေရာဒေသ အားလုံး လျှပ်စစ်ဓာတ်အားရရှိရန် ရည်မှန်းချက်ဖြင့် National Electrification Plan (NEP) ကို ပြုစုရေးဆွဲ ဆောင်ရွက်လျက်ရှိပြီး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အစိုးရ၊ ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ NEP ကို လက်တွေ့ အကောင်အထည်ဖော်ရာ တွင် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတွင် လိုအပ်သည့် Medium & Low Voltage လိုင်းနှင့် ထရန်စဖော်မာခွဲရုံများ တည်ဆောက်မှုအတွက် ကမ္ဘာ့ဘဏ်က ချေးငွေ အမေရိကန်ဒေါ်လာသန်း ၃၁၀ နှင့် လက်ရှိ ဓာတ်အားစနစ် ရောက်ရှိပြီး နေရာမှ နှစ်မိုင်အတွင်း ကျေးရွာပေါင်း ၅၀၈၀ ကို ပထမအဆင့်၊ ငါးမိုင်အတွင်း ကျေးရွာပေါင်း ၇၆၃၉ ရွာကို ဒုတိယအဆင့် ဆက်သွယ်တည်ဆောက်ရန် စီစဉ်ထားရှိကြောင်း ၎င်းက ဆိုသည်။

ပြည်ထောင်စုဝန်ကြီးက ချေးငွေစာချုပ်လက်မှတ်ရေးထိုး ခဲ့သည့် ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၃ ရက်မှ ယနေ့အထိ ထရန်စဖော်မာ ၅၃၈၉ လုံးအတွက် စာချုပ်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၄၄၄ သန်း၊ ကွန်ကရစ်တိုင် ၄၈၃၉၉ တိုင် အတွက် စာချုပ်တန်ဖိုး မြန်မာ ငွေကျပ် ၆၈၀၁ သန်း၊ စတီးတိုင် ၁၁၄၈၄ တိုင်အတွက် စာချုပ်တန်ဖိုး အမေရိကန်ဒေါ်လာ ၄ ဒသမ ၂၀၄ သန်း၊ ACSR Conductors ၁၀၄၄၉ တန်အတွက် စာချုပ်တန်ဖိုး အမေရိကန်ဒေါ်လာ ၂၁ ဒသမ ၁၇၉ သန်းကို အသီးသီး လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်ကြောင်း၊ ယနေ့တွင် Insulators and Related Fittings ၇၉၈၆၇၅ စုံအတွက် စာချုပ်တန်ဖိုး အမေရိကန် ဒေါ်လာ ၆ ဒသမ ၁၉၅ သန်း၊ ထရန်စဖော်မာနှင့် ဆက်စပ်ပစ္စည်းများအတွက် စာချုပ်တန်ဖိုး အမေရိကန် ဒေါ်လာ ၁၈ ဒသမ ၈၁၀ သန်း၊ စတီး ပစ္စည်းများအတွက် စာချုပ်တန်ဖိုး အမေရိကန် ဒေါ်လာ ၁၅ ဒသမ ၁၁၄သန်း၊ ကွန်ကရစ်တိုင် ၄၃၄၅၈ တိုင်အတွက် စာချုပ်တန်ဖိုး မြန်မာကျပ်ငွေ ၆၁၈၂ သန်း၊ အကြံပေး ဝန်ဆောင်မှု ငှားရမ်းခြင်းလုပ်ငန်း အတွက် စာချုပ်တန်ဖိုး အမေရိကန် ဒေါ်လာ ၃ ဒသမ ၈၅၉ သန်းနှင့် မြန်မာကျပ်ငွေ၂၀၃၅ သန်းကို စာချုပ်များအသီးသီး လက်မှတ်ရေးထိုးမည် ဖြစ်သည့်အတွက် စုစုပေါင်း စာချုပ် ၁၉ ခု တန်ဖိုးအားဖြင့် အမေရိကန် ဒေါ်လာ ၅၀ ဒသမ ၀၃၆ သန်း အတွက် စာချုပ်များ လက်မှတ်ရေးထိုးချုပ်ဆိုမည် ဖြစ်ကြောင်း ဆက်လက် ပြောကြားသည်။

ထို့နောက် အကြံပေးဝန်ဆောင်မှု စာချုပ်တစ်ခုနှင့် ပစ္စည်းဝယ်ယူရေး စာချုပ် ၁၈ ခု လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို ကျင်းပရာ လျှပ်စစ် ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း ဦးဆောင် ညွှန်ကြားရေးမှူး ဦးစောဝင်းမောင်၊ ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း အထွေထွေမန်နေဂျာ ဦးမြင့်သူ၊ မန္တလေး လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ခေတ္တ အမှုဆောင်အရာရှိချုပ် ဦးကျော်သူနှင့် တင်ဒါအောင်မြင်သော ကုမ္ပဏီ အသီးသီးမှ တာဝန်ရှိသူတို့က စာချုပ်များအား အသီးသီး လက်မှတ်ရေးထိုးကြကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။ယခုကဲ့သို့ လက်မှတ်ရေးထိုး ဆောင်ရွက်ခြင်းအားဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခုရှိ ကျေးရွာ ပေါင်း ၅၀၈၀၊ မီးသုံးစွဲသူ အိမ်ထောင်စုပေါင်း ၆၂၆၇၅၈ စုတို့အား လျှပ်စစ်ဓာတ်အားရရှိရေး တိုးချဲ့ ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။(Xinhua)