Connect with us

Social

၂၀၂၀ မှာ ယာဉ်မတော်တဆဖြစ်ပွားမှု ၅၀ ရာခိုင်နှုန်းလျှော့ချရန် မျှော်မှန်း

ပို့ ဆောင်ရေးနှင့် ဆက်သွယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့် စင်မောင် အဖွင့် မိန့် ခွန်း ပြောကြားစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇွန် ၇ ရက် (ဆင်ဟွာ)

ယာဉ်မတော်တဆမှုများကို ၂၀၂၀ ခုနှစ်တွင် ၅၀ ရာခိုင်နှုန်း အထိ လျှော့ချနိုင်ရန် ရည်မှန်းထား ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ယနေ့ပြောကြားသည်။

“Road Safety Action Plan ရည်မှန်းချက်ဖြစ်တဲ့ ၂၀၂၀ ခုနှစ်မှာ ယာဉ်မတော်တဆဖြစ်ပွားမှု ၅၀ ရာခိုင်နှုန်းလျှော့ချရန် သက်ဆိုင်ရာ ဌာန၊ အဖွဲ့အစည်းတွေ ပူးပေါင်းပြီး ပညာပေးလှုံ့ဆော်မှုတွေ၊ အသိပညာပေး ဟောပြောတာတွေကို ဒုတိယ သမ္မတ(၂) ဦးဆောင်တဲ့ အမျိုးသား ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး ကောင်စီ (NRSC) ရဲ့ ကြီးကြပ် လမ်းညွှန်မှုတွေနဲ့ တွန်းအားပေး ဆောင်ရွက်နေပါတယ်” ဟု အမျိုးသား ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး ကောင်စီ၏ ဒုတိယ ဥက္ကဋ္ဌ လည်း ဖြစ်သော ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။

HEINEKEN Myanmar က လူကူးမျဉ်းကျား သုတ်ဆေး လှူဒါန်းစဉ် (ဆင်ဟွာ)

HEINEKEN Myanmar Ltd. ၏ Corporate Affairs Director Ms. Holly Bostock က သုတ်ဆေး လှူဒါန်းရခြင်းအကြောင်း ပြောကြားစဉ် (ဆင်ဟွာ)

နေပြည်တော် သပြေကုန်းဈေး အရှေ့တွင် သရီး – ဒီ လူကူးမျဉ်းကျား ဖွင့်ပွဲ ပြုလုပ်စဉ် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင် ၂၀၁၆ ဧပြီလ၌ ယာဉ်စီးရေ ၅ ဒသမ ၅ သန်းကျော်၇ှိခဲ့ပြီး ယခု ၂၀၁၈ ဧပြီလတွင် ၆ ဒသမ ၈ သန်းကျော်အထိ တိုးမြင့်လာသဖြင့် နှစ်နှစ်အတွင်း ယာဉ်စီးရေ ၁ ဒသမ ၃ သန်းကျော် တိုးလာခဲ့ကြောင်း၊ ထိုသို့ ယာဉ်စီးရေ တိုးလာသည်နှင့်အမျှ ယာဉ်မတော်တဆထိခိုက်မှုကြောင့် ပြည်သူတို့ အသက်နှင့် လူမှု စီးပွားများ ဆုံးရှုံးရမှု၊ သဘာ၀ ပတ်ဝန်းကျင် ထိခိုက်မှု၊ ယာဉ်ကြော ပိတ်ဆို့မှုများက တိုက်ရိုက်အချိုးကျ တိုးတက် ဖြစ်ပွားလာသည်ကို တွေ့ရမှာ ဖြစ်ကြောင်း၊ မလိုလားအပ်သည့် အဆိုပါ ကိစ္စရပ်များ လျော့နည်းကျဆင်းလာစေရေးနှင့် မြန်မာနိုင်ငံ ယာဉ် အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး လုပ်ငန်း စီမံချက် (၂၀၁၄ – ၂၀၂၀) အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ဒုတိယ သမ္မတ ဦးဗန်ထီးယူ ဦးဆောင်သည့် “အမျိုးသား ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး ကောင်စီ” ကို ဖွဲ့စည်းကာ အင်တိုက် အားတိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်းလည်း ၎င်းက ပြောခဲ့သည်။

နေပြည်တော်၊ သင်္ဂဟဟိုတယ်တွင်ယနေ့နံနက် ပြုလုပ်ခဲ့သည့် HEINEKEN Myanmar Ltd. က အမျိုးသား ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး ကောင်စီ (NRSC) သို့ လူကူးမျဉ်းကျား သုတ်ဆေး ၁၀ တန် လှူဒါန်းပေးအပ်ပွဲတွင် ပြည်ထောင်စု ဝန်ကြီးက ပြောခဲ့ခြင်းဖြစ်ပြီး ရန်ကုန်နှင့် နေပြည်တော် တို့တွင် သရီး – ဒီ လူကူးမျဉ်းကျား တစ်ခုစီ ရေးဆွဲ ပံ့ပိုးလိုကြောင်း HEINEKEN Myanmar Ltd. ၏ အဆိုပြုချက်ကိုလည်း NRSC က လက်ခံခဲ့သဖြင့် အဆိုပါ အခမ်းအနား အပြီးတွင် နေပြည်တော် သပြေကုန်းဈေး အရှေ့၌ သရီး – ဒီ လူကူး မျဉ်းကျားအသစ် စတင် ဖွင့်လှစ်ခြင်းကိုပါ ဆက်လက် ဆောင်ရွက်ခဲ့ကြသည်။

HEINEKEN Myanmar Ltd. ၏ Corporate Affairs Director Ms. Holly Bostock က “ယာဉ် အန္တရာယ် လမ်းအန္တရာယ်ဆိုတာ လူထုတစ်ရပ်လုံးနဲ့ ဆိုင်ပြီး ပြည်သူတွေကိုသာမက နိုင်ငံရဲ့ တိုးတက်ဖွံ့ဖြိုးမှုကိုလည်း ထိခိုက်စေနိုင်တဲ့အတွက် ပူးပေါင်းဖြေရှင်း ဖို့လိုအပ်ပါ တယ်၊ HEINEKEN အနေနဲ့ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးမှာ တာဝန်ယူမှု ရှိစွာ ပူးပေါင်းပါဝင် ဆောင်ရွက်လိုတဲ့ အတွက် အခုလို လှူဒါန်းရတာပါ၊ သုတ်ဆေး ၁၀ တန်နဲ့ လူကူးမျဉ်းကျား ၉၀ လောက်ကို ပြန်လည် မွမ်းမံ ရေးဆွဲနိုင်မှာ ဖြစ်ပြီး သရီး – ဒီ လူကူးမျဉ်းကျားကလည်း ပြည်သူတွေကို အသိပညာပေးနိုင်မှာ ဖြစ်ပါတယ်” ဟု ပြောခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.