Connect with us

Politics, Law & Military

ဘားအံ၊ ကော့ကရိတ်မြို့နယ်တို့၌ ပိုင်ရှင်မဲ့ယာဉ် ၉ စီး သိမ်းဆည်းရမိ

ပြည်ထဲရေးဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်အားတွေ့ရစဉ် (ဓာတ်ပုံ--ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ ဇွန် ၇ ရက် (ဆင်ဟွာ)

ကရင်ပြည်နယ် ဘားအံ၊ ကော့ကရိတ်မြို့နယ်တို့၌ လိုင်စင်(စိစစ်ဆဲ) ပိုင်ရှင်မဲ့ယာဉ် ၉ စီး သိမ်းဆည်းရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ၂၀၁၈ ခုနှစ်၊ ဇွန်လ ၆ ရက် ဝရး၂၀နာရီ အချိန်တွင် နယ်မြေခံရဲတပ်ဖွဲ့ဝင်များမှ ဘားအံမြို့နယ်၊ သံလွင်တံတားအနီး သုံးမြှောင့်လမ်းဆုံ၌ ရပ်တန့်ထားသည့် 6G/xxxx Toyota Wish (လိုင်စင်-စိစစ်ဆဲ)ယာဉ်ပါ ၂ စီးအားလည်းကောင်း၊ ၀၈၃၀ အချိန်တွင် ဒုံသမိတံတားအနီးလယ်ကွင်းဘေး၌ ရပ်တန့်ထားသည့် 2E/xxxx Honda Fit (လိုင်စင်-စိစစ်ဆဲ)ယာဉ်ပါ ၂ စီးအားလည်းကောင်း၊ ၀၈း၄၅နာရီ အချိန်တွင် ဂျိုင်း(ကော့ကရိတ်)တံတားလမ်းဆုံအနီး လယ်ကွင်းဘေး၌ ရပ်တန့်ထားသည့် 6J/xxxx Hijet (လိုင်စင်-စိစစ်ဆဲ)ယာဉ်အားလည်းကောင်း၊ ၁၀း၃၀နာရီ အချိန်တွင် ကော့ကရိတ်မြို့နယ် အာရှလမ်းဆုံအနီး၌ ရပ်တန့်ထားသည့် 3D/xxxx Honda Insight (လိုင်စင်-စိစစ်ဆဲ)ယာဉ်ပါ ၄ စီးအားလည်းကောင်း တွေ့ရှိစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါယာဉ် ၉ စီးတွင် ယာဉ်နှင့်ပတ်သက်သည့် အထောက်အထား စာရွက်စာတမ်းများတွေ့ရှိခြင်းမရှိဘဲ ပိုင်ရှင်မဲ့ယာဉ်များဖြစ်သဖြင့် ကရင် ပြည်နယ်ရဲတပ်ဖွဲ့မှ ထိန်းသိမ်းထားရှိပြီး ကရင်ပြည်နယ်ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီး ဌာနသို့ ပို့အပ်ကာ လိုင်စင်ရှိ/မရှိ စစ်ဆေးသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.