Connect with us

Science & Technology

စက်သုံးဆီဈေးကွက် ထိန်းချုပ်ရန် LPG ကိုမော်တော်ယာဉ်များတွင် အသုံးပြုနိုင်ရေးလေ့လာ

ရန်ကုန်မြို့ရှိ စက်သုံးဆီအရောင်းဆိုင်တစ်ဆိုင်အားတွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇွန်လ ၇ ရက် (ဆင်ဟွာ)

ပြည်ပမှ အဓိကတင်သွင်းနေရသောစက်သုံးဆီဈေးကွက်ကို ထိန်းချုပ်နိုင်ရန်အတွက် ရေနံဓါတ် ငွေ့ရည်ဖြစ် သော LPG ကိုမော်တော်ယာဉ်များတွင် အသုံးပြုနိုင်ရန် လေ့လာ ပြင်ဆင်လျက်ရှိကြောင်းလျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန က ယနေ့ပြုလုပ်သောသတင်းစာရှင်းလင်းပွဲတွင် မြန်မာ့ ရေနံဓာတုဗေဒလုပ်ငန်းမှ ဦးဆောင် ညွှန်ကြားရေးမှူး ဦးအောင်မြင့်က ပြောသည်။

”စက်သုံးဆီဈေးများတက်လာခဲ့ရင် ဒီဆီဈေးကိုထိန်းချုပ်နိုင်ဖို့ ယာဉ်တွေမှာ LPG Kit (conversion Kit) တပ်ပြီးသုံးရင် အဆင်ပြေလောက်တယ်ဆိုပြီးဒါကိုစဉ်းစားပြီးတော့ လေ့လာနေပါတယ်၊ LPG ကိုမော်တော်ကားမှာထည့်သွင်းအသုံးပြုတာကဓာတ်ဆီ၊ ဒီဇယ်ဆီသုံးတာထက် သက်သာမယ် ဆိုရင် လူတွေကပြောင်းသုံးကြမှာပဲ။ မသက်သာရင်တော့ မသုံးဘူးပေါ့။ Public Choice ပေါ့”ဟုဟု ၎င်းက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသည် စက်သုံးဆီကို ပြည်ပမှတင်သွင်းရာတွင် သိုလှောင်ကန်နည်းပါးသဖြင့် သိုလှောင် ထားနိုင်စွမ်းအားနည်းလျက်ရှိရာ ပြည်တွင်းပေါက်ဈေးသည် ပြည်ပဈေးကွက်ပေါက်ဈေးအတိုင်းလိုက်ပါပြောင်းလဲဖြစ်ပေါ်လျက်ရှိပြီး ပြည်သူများအကြားတွင်လည်းဝေဖန်ပြောကြားမှုများရှိနေဆဲဖြစ်ကြောင်း၊ အဆိုပါ အခြေအနေမျိုးတွင် ဓာတ်ဆီ၊ ဒီဇယ်ဆီအစားအစားထိုးသုံးစွဲနိုင်မည့် နည်းလမ်းတစ်ခုကိုဝန်ကြီးဌာနက ပြည်သူများသက်သာစေရန် လေ့လာနေခြင်းဖြစ်ကြောင်း၊ လက်ရှိအခြေအနေအရLPGသည် ဓာတ်ဆီထက် အတိုင်းအတာတစ်ခုအထိဈေးသက်သာနေသောကြောင့် ပြည်သူများအတွက်လည်းအဆင်ပြေစေမည်ဟုမျှော်လင့်ကြောင်း ၎င်းက ပြောခဲ့သည်။

”Kit တစ်ခုတပ်ရင် ဘယ်လောက်ကုန်မလဲ၊ နောက်တစ်ခုက Dual purpose ပေါ့။ ဓာတ်ဆီကုန်ရင် ဓာတ်ဆီထည့်လိုက်၊ LPGကုန်ရင် LPGထည့်လိုက်။ အဲလိုKitမျိုးတွေပေါ့။ နှစ်ခုလုံး ကြိုက်တာထည့်လို့ရတယ်။ ကြိုက်တာနဲ့မောင်းလို့ရတယ်။ဗားရှင်းလေးပြောင်းလိုက်ရုံပဲဟုလည်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

‘အစိုးရက ပြည်သူတွေအတွက် ဘယ်လိုသက်သာအောင် လုပ်ပေးမလဲဆိုတဲ့ရည်ရွယ်ချက်နဲ့ နည်းလမ်းရှာနေခြင်းးဖြစ်ပါတယ်။ သို့သော် အန္တရာယ်ကင်းဖို့ကအဓိကပါ။ ဒါကြောင့်ဒီဟာကိုသေသေချာချာလေ့လာဖို့တော့ လိုပါတယ်။ စည်းမျဉ်းစည်းကမ်းဆိုတာထုတ်ပြီးရင် ပြန်ပြီး ပြင်ဆင်ရတာခက်ပါတယ်။ ငွေကြေးအရင်းအနှီးများပါတယ်” ဟုပြောကြားသွားသ ည်။

ထိုကဲ့သို့ LPGဖြင့် မော်တော်ယာဉ်များမောင်းနှင်အသုံးပြုခြင်းကို ၁၉၉၀ပြည်လွန်နှစ်များကအငှါးယာဉ်အစီးရေထောင်ဂဏန်းနှင့် က.ပ.ရ(ကုန်းလမ်းပို့ဆောင်ရေးဦးစီးဌာန)ကားများတွင် အသုံးပြုခဲ့ကြောင်းလည်းသိရသည်။ (Xinhua )

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.