ရန်ကုန်၊ မတ် ၁၇ ရက် (ဆင်ဟွာ) ခရမ်းလွန်ရောင်ခြည်လတ်တလောထိတွေ့မှုကြောင့် နေလောင်ခြင်း၊ အသားအရောင် ညိုမည်းလာခြင်းတို့ ဖြစ်စေနိုင်ပြီး ထိတွေ့မှုကာလကြာသောအခါ မျက်စိတိမ်စွဲခြင်း၊ အရေပြားများ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်း၊ ခုခံအားကျဆင်းခြင်း၊ အရေပြားကင်ဆာဖြစ်ခြင်း စသည့်ဆိုးကျိုးများကို ဖြစ်ပေါ်စေနိုင်သည့်အတွက် သတိပြုကာကွယ်ကြရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန မှတိုက်တွန်းနှိုးဆော်ချက်ထုတ်ပြန်သည်။
ရန်ကုန်၊ မတ် ၁၇ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် ပုလင်းကျေးရွာအနီးတွင် ပုလင်းကမ်းသာယာဆင်အခြေပြု ခရီးသွားလုပ်ငန်း မကြာမီအချိန်တွင် ဖွင့်လှစ်တော့မည်ဖြစ် ကြောင်းသိရသည်။
ရန်ကုန်၊ မတ် ၁၇ ရက် (ဆင်ဟွာ) စစ်တောင်းမြစ်ရေတိုက်စားမှုကြောင့် နေအိမ်အများအပြားရွှေ့ပြောင်းခဲ့ရသော ရွှေကဇောင်းကျေးရွာတွင် ကမ်းပြိုကာကွယ်ရေးလုပ်ငန်းဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ရန်ကုန်၊ မတ် ၁၆ ရက် (ဆင်ဟွာ) မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ဝယ်ဝင်္ကရာကျေးရွာအနီး ရေး-သံဖြူဇရပ်ကားလမ်း မိုင်တိုင်အမှတ်(၄၅/၅-၆)ကြား၌ အရှိန်မထိန်းနိုင်သည့်ယာဉ်က တစ်ဖက်ယာဉ်ကြောမှ ယာဉ်အား တိုက်မိသဖြင့် (၃) ဦးသေ၊ (၁၂)ဦး ဒဏ်ရာရ ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ မတ် ၁၆ ရက် (ဆင်ဟွာ) လပွတ္တာမြို့နယ်၊ ရေတွင်းဆိပ်ကျေးရွာတွင် မတ်လ ၁၅ ရက်နေ့ နံနက်အစောပိုင်းတွင် လှေတိမ်းမှောက်မှုကြောင့် ၄ဦးသေဆုံးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ မတ် ၁၆ ရက် (ဆင်ဟွာ) ရသေ့တောင်မြို့နယ်တွင် မတ်လ ၃၁ ရက်နေ့မှ စတင်ပြီး မဟာဓာတ်အားလိုင်းမှ ၂၄ နာရီ လျှပ်စစ်မီး ဖြန့်ဖြူးသွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ မတ် ၁၆ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတော်အစိုးရအနေဖြင့် မူးယစ်ဆေးဝါးပြဿနာ လျော့ကျ စေရေးအတွက် စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း မူးယစ်ဆေးဝါးကော်မရှင်အစည်းအဝေးတွင် ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြောကြားသည်။
ရန်ကုန်၊ မတ် ၁၆ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မုံးကိုးမြို့နယ်၊ ကြူကုတ်(ပန်ဆိုင်း) ကျေးရွာအနီး၌ မိုင်းတစ်လုံး တွေ့ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ မတ် ၁၆ ရက် (ဆင်ဟွာ) ၂၀၁၈ ခုနှစ် ရန်ကုန်သြင်္ကန်တွင် ရန်ကုန်မြို့တော်အတွင်း အချက်အချာကျသည့် နေရာများအပါအဝင် ဖျော်ဖြေရေး သီးသန့်မဏ္ဍပ်များ၊ ဖျော်ဖြေရေးနှင့် ရေကစားမဏ္ဍပ် တွဲဖက်ထားသော မဏ္ဍပ်စုစုပေါင်း ၁ဝဝ နီးပါး ခွင့်ပြုမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန် ၊ မတ် ၁၆ ရက်(ဆင်ဟွာ) ရွှေစက်တော် ဘုရားဖူးယာဉ် ၁ စီးသည် ယနေ့မတ် ၁၆ ရက် နံနက်ပိုင်း အချိန်တွင် မကွေးတိုင်းဒေသကြီး ၊ မင်းဘူး မြို့နယ် ၊ ရွှေစက်တော်ဘုရားအဝင် ၊ လှေတင် တံတားအဆင်းတွင် ဘရိတ်ပေါက်၍ တိမ်းမှောက်မှု ဖြစ်ပွား...