Connect with us

Social

ချောက်ရေနံမြေမှ နေ့စဉ် ရေနံစိမ်းစည် ၁၁၉ဝ ခန့် ထုတ်လုပ် လျက်ရှိ

ချောက်ရေနံမြေမှ တူးဖော်လျက်ရှိသော ရေနံတွင်းများကို တာဝန်ရှိသူများ သွားရောက် ကြည့်ရှု စစ်ဆေး စဉ်(ဓာတ်ပုံ-The Mirror Daily)

ရန်ကုန် ၊ မေ ၂၇ ရက်(ဆင်ဟွာ)

ချောက်ရေနံမြေမှ ယခင်ကတစ်ရက်လျှင် ရေနံစိမ်းစည် ၁ဝ၃ဝ ခန့်ထွက်ရှိပြီး ယခုနှစ် မေလ အတွင်း တစ်ရက် လျှင် ရေနံစိမ်းစည် ၁၆ဝ ခန့် တိုးတက်ထုတ်လုပ်နိုင်မှုကြောင့် ယခုအခါ ချောက်ရေနံမြေမှ နေ့စဉ် ရေနံစိမ်းစည် ၁၁၉ဝ ခန့် ထုတ်လုပ်လျက် ရှိကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနမှ ထုတ်ပြန်သော သတင်း အရ သိရသည်။

ချောက်ရေနံမြေသည် မြန်မာ့ရေနံနှင့်သဘာဝဓာတ် ငွေ့လုပ်ငန်းနှင့် Gold Petrol Co.,Ltd. တို့ အကျိုးတူ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ရေနံအထွက်တိုးရေး အတွက် လုပ်ငန်းစီမံချက်များစနစ်တကျရေးဆွဲ၍ ကြိုးစား ရှာဖွေဖော်ထုတ်လျက်ရှိသည်။ ယခုအခါ ရေနံတွင်းအမှတ် (၁၂ဝ၅)မှ တစ်ရက်လျှင် ရေနံစိမ်းစည် ၅ဝ ခန့်နှင့် (၁၂ဝ၇) မှ ရေနံစိမ်းစည် ၁၁ဝ ခန့် တူးဖော်ထုတ်လုပ်နိုင်ခဲ့ကြောင်း သိရသည်။

ထိုတူးဖော်ထုတ်လုပ်ရရှိသော ရေနံစိမ်းများကို အမှတ်(၂) ရေနံချက်စက်ရုံ (ချောက်)သို့ ပိုက်လိုင်းများဖြင့် ပေးပို့ပြီး ပြည်သူများအသုံးပြုနိုင်ရန် အတွက် စက်သုံးဆီများချက်လုပ်ပေးလျက်ရှိကြောင်း သိရသည်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် မကွေးတိုင်းဒေသကြီး သယံ ဇာတ ၊ သဘာဝ ပတ်ဝန်းကျင်၊ လျှပ်စစ်စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်နှင့်အတူ မေ ၂၆ ရက်တွင် ချောက်ရေနံမြေအတွင်းရှိ မေလ အတွင်း အောင်မြင်စွာတူးဖော်ထုတ်လုပ်ခဲ့သော ရေနံတွင်း သစ် အမှတ် (၁၂ဝ၅)နှင့် (၁၂ဝ၇)သို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.