Connect with us

Politics, Law & Military

နမ့်စန်မြို့နယ်တွင် ငွေကျပ် သိန်းပေါင်း ၉,၆၃၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

မူးယစ်ဆေးဝါးများ နှင့် အတူ ဖမ်းဆီးရမိသူအားတွေရစဉ် (ဓာတ်ပုံ--ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ မေ ၂၆ ရက် (ဆင်ဟွာ)

ရှမ်းပြည်၊ နမ့်စန်မြို့နယ်၌ ငွေကျပ် သိန်း ပေါင်း ၉,၆၃၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ မေလ၂၄ ရက်နေ့ ၁၀း၃၀ နာရီ အချိန် တပ်မတော်နှင့် မက်ကျန်း(ဌာနေ)ပြည်သူ့စစ်တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် နမ့်စန်မြို့နယ်၊ မိုင်းစိတ်ကျေးရွာအုပ်စု၊ ကောင်းမှုဝေကျေးရွာ-နောင်စန့်ကျေးရွာသွား ကားလမ်း၌ မော်တော်ယာဉ်နှစ်စီးမောင်းနှင်လာသည့်ကိုတွေ့ရှိရ၍ ရပ်တန့်စစ်ဆေးရှာဖွေရာ မူးယစ် ဆေးဝါးများတွေ့ရှိသဖြင့် နမ့်စန်မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များနှင့်အတူ စစ်ဆေးရှာဖွေခဲ့ရာ ခွန်မောင်ခွန် မောင်းနှင်ပြီး မောင်ဆွေ၊ လှဖေနှင့် အောင်တင် တို့လိုက်ပါလာသည့် မော်တော်ယာဉ်ပေါ်မှ ဘိန်းစိမ်းပီနံအိတ် ၂၀ အိတ်( ဘိန်းစိမ်း အလေးချိန် ၆၀၀ ကီလို )ကိုလည်းကောင်း၊ မောင်ဝင်း မောင်းနှင်ပြီး ဦးတဆန်းနှင့် ခွန်မောင်ဒွန်းတို့လိုက်ပါလာသည့် TOYOTA HILUX မော်တော်ယာဉ်ပေါ်မှ ပီနံအိတ် ၂၆ အိတ်( ဘိန်းစိမ်းအလေးချိန် ၇၈၀ ကီလိုနှင့် ဘိန်းညိုမှုန့် ၉ ကီလို) ၊ငွေကျပ် ၇ သိန်းနှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ခွန်မောင်ခွန်(၃၇)နှစ်၊ မောင်ဆွေ (၃၈)နှစ်၊ လှဖေ(၃၁)နှစ်၊ အောင်တင်(၄၀)နှစ်၊ မောင်ဝင်း(၃၆)နှစ်၊ ဦးတဆန်း(၅၅)နှစ်နှင့် ခွန်မောင်ဒွန်း (၄၁)နှစ်တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူ ထားကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.