ရန်ကုန်၊ ဇန်နဝါရီ ၂၅ ရက် (ဆင်ဟွာ) တုတ်/ဓားများဖြင့် ဝိုင်းဝန်းထိုးခုတ်၍ တန်ဖိုးငွေကျပ်သိန်းပေါင်း(၅,၈၀၀)ကျော်ခန့်ရှိ ရတနာပစ္စည်းများကို လုယူသွားသူများ အနက် (၁)ဦးဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။
ရန်ကုန် ၊ ဇန်နဝါရီ ၂၅ ရက်(ဆင်ဟွာ) ဧရာဝတီတိုင်းဒေသကြီး ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ခွင့်ပြုချက် ရန်ပုံငွေဖြင့် ငါးသိုင်းချောင်းမြို့ ငဝန်ရေကာတာ တာမိုင်အရှည် စုစုပေါင်း ၁၇ မိုင် အတွင်း ၂၀၁၈ ဇန်နဝါရီလဆန်းပိုင်းမှ စတင်၍ ရေကာတာ အဆင့် မြှင့်တင် ပြုပြင်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း...
ရန်ကုန်၊ ဇန်နဝါရီ ၂၅ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပမည့် MFF Futsal Open Cup 2018(မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဖူဆယ် ဖလား ၂၀၁၈)ပြိုင်ပွဲကို မတ်လ ၁ ရက်နေ့တွင် ရန်ကုန်မြို့၌ စတင်ကျင်းပမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဇန်နဝါရီ ၂၅ ရက် (ဆင်ဟွာ) မြန်မာ့ဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းမှ ကင်ဆာဝေဒနာရှင်များ၏ နာကျင်မှုကို သက်သာ စေမည့် ဆေးဝါးနှင့် HIV ဗိုင်းရပ်(စ်)သတ်ရာမှာ အသုံးပြုမည့် ဆေးဝါးအမယ်သစ်များကို ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်တွင် ထုတ်လုပ်မည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန မြန်မာ့ဆေးဝါးလုပ်ငန်းထံမှ သိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၂၅ ရက် (ဆင်ဟွာ) ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ် ရှမ်းကြေးရပ်ကွက် မြို့မဘောလုံးကွင်းအနီးရှိ ဂစ်တာ စားသောက်ဆိုင်တွင် ယနေ့ နံနက် ၃ နာရီ ၃၀ မိနစ် အချိန်က မီးလောင်မှုဖြစ်ပွားပြီး တစ်ဦးသေဆုံးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၂၅ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်၊ တာချီလိတ်မြို့ ၏ အနောက်ဘက် (၁၀)မိုင်ခန့်အကွာ မြောက်လတ္တီတွဒ် ၂၀.၄၅ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၉.၇၃ ဒီဂရီ၊ အနက်(၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃.၇)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှု...
ရန်ကုန်၊ ဇန်နဝါရီ ၂၅ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်တွင်းရှိ ကယ်ဆယ် ရေးစခန်း ၁၁ ခုရှိ ကလေးငယ် ၂၈၀၀ကျော်ကို ကာကွယ်ဆေးထိုးပေးမည် ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
နေပြည်တော်၊ ဇန်နဝါရီ ၂၄ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင်ရှိ ကင်းချောင်းတံတား တည်ဆောက်ရန် သြစတြီးယားနိုင်ငံ Unicredit Bank ထံမှ ယူရိုငွေ ငါးသန်း ချေးယူရေးကို ယနေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးက အတည်ပြုခဲ့သည်။
ရန်ကုန် ၊ ဇန်နဝါရီ ၂၄ ရက်(ဆင်ဟွာ) နိုင်ငံ တစ်ဝန်း သစ်တောများ ပြန်လည် တည်ထောင်ရေး စီမံကိန်းအား ၂၀၁၇-၂၀၁၈ မှ ၂၀၂၆-၂၀၂၇ အထိ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိရာ စီမံကိန်းတွင် သစ်တော စိုက်ခင်းပေါင်း ဧရိယာ ဧက ၃၅၀,ဝဝဝ ကျော်ကို တည်ထောင်သွားမည်ဖြစ်ကြောင်း...
ရန်ကုန်၊ ဇန်နဝါရီ ၂၄ ရက် (ဆင်ဟွာ) ပြည်ကြီးတံခွန်မြို့နယ်တွင် ငွေကျပ်သိန်း ၁,၃၅၀ တန်ဖိုးရှိ ဘိန်းစိမ်းများ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ သတင်းထုတ်ပြန်သည်။